Posts

ဒီနေ့ ရတဲ့ကာဒ်လေးတွေ

avatar of @domelay
25
@domelay
·
0 views
·
1 min read

ဒါကတော့ ကျွန်တော့ Splinterlands ရဲ့ ဒီနေ့ ရတဲ့ rewards လေးပါ ။ Gold 3 မှာဘဲ ရှိနိုင်သေးတော့ နည်းတယ် ဆိုပေမဲ့ ဒီနေ့ကတော့ ဗလာလို့ဘဲ ခေါ်ရမလား ဘာမှ မဟုတ်တဲ့ potion ပုလင်းတွေ တစ်ပုလင်းမှ ပါမလာတာတော့ အဆင်ပြေတယ်လို့ ဆိုရမည်ထင်ပါသည် ။ လာမည့်နှစ်ရက် ဆယ့်ခြောက်ရက်နေ့တွင် ကုန်ဆုန်းမည့် Season rewards ကိုလည်း မျှော်လင့်နေမိပါသေးသည် ။ 1 DEC မှာ မြန်မာငွေ တစ်ကျပ်ဝန်းကျင် ( နည်းနည်းကျော်မည် ထင်ပါသည် ) လောက် ရှိသည်ဆိုတော့ Gold 3 မှာ များများစားစားမရဟု ဆိုသော်လည်း အပျင်းပြေသဘောဖြစ်ဖြစ်ဆော့ရင်းကတော့ မုန့်ဖိုးလောက်တော့ ရနေပါသေးသည် ။ အများအားဖြင့်တော့ တစ်ရက်ကို လေးရာခန့် ရမည်ထင်ပါသည် ။

နောက်ထပ် level များ တင်ချင်သေးသော်လည်း မတင်ဖြစ် ထုတ်သုံးနေရသည်ကသာ များနေပါသည် ။ ဒါကလဲ ကိုယ့် အကျင့်ကိုး ။ ဟိုးတုန်းက power တွေ ကုန်သွားပြီးထဲနဲ့ ဒီလိုပါဘဲ ။ ဒီလောက်ဆိုရင်တော့ လျှောက်ရေးတာရလောက်ပြီထင်ပါတယ် ။ စာဖြစ်ပြီးရော လျှောက်ရေးနေတာလဲ အကျင့်ကိုး ။ အဆင်ပြေရင်တော့ အရင်လို မျိုးလေး ပြန်လိုချင်ပါသေးတယ်လေ ။ ဈေးတွေ တက်သွားလဲ တစ်မျိုးကောင်းတာပါဘဲလေ ကိုယ့်မှာမရှိရင်တောင် ဈေးတွေတက်တာ မြင်ချင်သေးတာကိုး ။