Posts

အင်းဝမှာကွယ် ရိုက်မယ် ရေးမယ်

avatar of @golden.future
25
@golden.future
·
0 views
·
1 min read

ကြောင်လိမ်ဘုရား အပေါ်က ပြန်ဆင်းလာခဲ့ပြီးတော့ ထိုနားမှာ ရှိသော ရှေးဟောင်း အမွေအနှစ် စေတီ ဘုရား
ဂူကျောင်း သုံးမျိုး စလုံး ပါဝင်အောင် ဖုန်းကင်မရာ ကို Panorama Affect ပြောင်းပြီး အမှတ်တရ ရိုက်ယူ ခဲ့ပါသေးတယ်။
ထိုနောက်တော့ လာရာလမ်း အတိုင်း ပြန်ခေါက်ခဲ့ပါတယ်။ ဤတွင် ဗားကရာကျောင်း ကို ကျော်လာသောအခါ
ရေကြီးနေချိန် ဖြစ်၍ ရေတတ်နေသော ကွင်းပြင်ကြီး အတွင်းမှ စေတီတစ်ဆူ ကို ဖူးမြော်ရသောကြောင့် ဆိုင်ကယ် ခဏ ရပ်နားကာ ဓာတ်ပုံ ဆင်းရိုက်ခဲ့ပါသေးတယ်။

အင်းဝမြို့ဟောင်း ပရဝုဏ် အတွင်း ဆိုပေမယ့် မထင်ရှား သော စေတီ ဖြစ်၍ သော်လည်းကောင်း၊ သွားလာရ ခက်ခဲ၍ သော်လည်းကောင်း အနီးနားသို့ သွားရောက် မဖူးမြော်နိုင်ရကာ စေတီဘွဲ့တော်လည်း မသိရပါဘူး။ မိမိသည်လည်း ရာဇဝင် သမိုင်း မှတ်တမ်းတင်သူ မဟုတ်မူဘဲ အပျော်တမ်း ဓာတ်ပုံ ရိုက်ယူသူသာ ဖြစ်လေတော့ ပုံရဖို့သာ စိတ်ကူး ရှိသလို ဖြစ်နေသည်။

သို့သော်ငြားလည်း တစ်ချိန် ခရီးသွားဘလော့ဂါ တစ်ယောက် အဖြစ် ရပ်တည်နိုင်ပါက လမ်းခရီး အစီအဉ် ၊ အမည် အတိအကျ ၊ သမိုင်း မှတ်တမ်း ၊ရာဇဝင်ဆိုစကား နှင့်တကွ ချပြနိုင်ရန် ကြိုးစားဦးမည်ဟု စိတ်ကူးတော့ ရှိနေပါသည်။

ကံကောင်းထောက်မစွာဖြင့် HIVE ဈေး တတ်ပါစေလို့ ဆုတောင်းလိုက်ရတော့သည် တကား။

@golden.future