သုံးထောင်စံမောင်သံခဲ ( Book Review #5)
ယခုစာအုပ်သည် ဖဆပလခေတ်တွင် ရခိုင်ပြည်နယ် လွတ်လပ်ရေးရရှိနိုင်ရန် ကြိုးပမ်းချက်များတွင် ပါဝင်သော လူငယ်တစ်ယောက်၏ ဘဝကိုပုံဖော်ရေးသားထားသော ဖြစ်ရပ်မှန်ကိုယ်တိုင်ရေးစာအုပ်တစ်အုပ်ဖြစ်ပါသည်။
စာရေးဆရာ၏ ဘဝကိုအရင်မိတ်ဆက်ပေးပါရစေ။
နာမည်အရင်းမှာ မောင်သံခဲဖြစ်ပြီး ရမ်းဗြဲမြို့နယ်တွင်မွေးဖွားခဲ့ပါသည်။ ရန်ခိုင်ပြည်နယ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါသည်။ ထောင်ကျနေစဥ်အတွင်း၌ပင် တက္ကသိုလ်စာမေးပွဲကိုဝင်ရောက်ဖြေဆိုခဲ့ပြီးအောင်မြင်ခဲ့ပါသည်။
ဇာတ်လမ်းအကျဥ်းမှာ-
အထက်တန်းကျောင်သားတစ်ယောက်ဖြစ်သည့်မောင်သံခဲသည် ကျောင်းသားလှုပ်ရှားမှုအတွက် တရားစွဲဆိုခံခဲ့ရပါတယ်။ပထမဦးစွာ ကျောက်ဖြူအကျဉ်းထောင်မှ တရားရင်ဆိုင်ခဲ့ကြရပြီး အကျဥ်းထောင်မရောက်ခင်အချုပ်ခန်းအတွင်မှ စိတ်ပျက်ဖွယ်ရာ အခြေအနေများကို စာရေးဆရာမှ ကွက်ကွက်ကွင်းကွင်းမြင်သာအောင် စာရေးဆရာမှ ပုံဖော်ခဲ့ပါတယ်။
ကျောက်ဖြူအကျဉ်းထောင်အတွင်းရောက်မှ မောင်သံခဲတို့ ဘဝသည်ရေဝဝလင်လင်ချိုးကြရသည်ဟု ရေးသားခဲ့ပါသည်။ထောင်အတွင်း ချီးဘုတ်၊တောင်ယာဘုတ်၊ ရေကန်ဘုတ် စသည့်ဆိုင်ရာဆိုင်ရာများတွင်လည်း ဘုတ်ပေါင်းစုံအောင်ရှိနေကြပြန်ပါတယ်။
သူတို့ခေတ်အခြေအနေအရ တစ်ပတ်စာ ဆန်၊ဆီ၊ဆား၊င ရုတ်၊ကြက်သွန်များကိုပေးကြပြီး ၄င်းတို့အား ထမင်ဘုတ်တွင်ချက်ကြရပါတယ်။
အကျဉ်းထောင်အတွင်များ ထောင်သားများ၏ဘဝ၊ လူမိုက်များ၏ ဝမ်းနည်း ဖွယ်အဖြစ်အပျက်များကို စိတ်မကောင်းဖြစ်ဖွယ် စာရေးဆရာမှ ရေးသားပေးသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းလှပါသည်။
နိုင်ငံရေးပုဒ်မဖြင့် တရားရင်ဆိုင်နေရသော မောင်သံခဲတို့ အုပ်စုမှာ မိမိတို့လိုအပ်ချက်များအတွက် ဆန္ဒပြတောင်းဆိုမှုများ၊ မတရားမနိုင်ကျင့်မှုကို မခံကြလိုသည့်ပုံများ၊ နိုင်ငံရေးသမားတွေ၏ခံယူချက်များ စသည်တို့ကိုရောထွေပြီးရေးသားခဲ့ပါတယ်။
မိမိတို့၏ လိုအင်ဆန္ဒအတွက် အကျဉ်းထောင်တစ်ခုမှ တစ်ခုသို့ပြောင်းရင် နောက်ဆုံးဘူတာကတော့ အင်းစိန်အကျဥ်းထောင်ဖြစ်ပါတော့သည်။ အင်းစိန်ထောင်ရောက်တော့မှ သူတို့ဘဝတွေ တစ်ဆစ်ချိုးခဲ့ပါသည်။
အကျဉ်းထောင်အတွင်း နိုင်ငံရေးသမားများ၏နေ့စဉ်ဘဝကျော်ဖြတ်မှုမျ ားကို လေ့လာလိုပါလျှင် သုံးထောင်စံ မောင်သံခဲစာအုပ်ကလေးကို လေ့လာသင့်ပါတယ်။ အဆုံးမှာမောင်သံခဲ့အိမ်ပြန်ချိန်၌ သူကိုစောင့်ကြိုနေမည့် ဖခင်ဖြစ်သူကတော့ရှိမနေတော့ပါဘူး။ ဒီစာအုပ်ကလေးမှာ တစ်ကယ့်ဘဝလက်တွေ့များသည် စိတ်ကူးယဥ်ဝတ္ထုများထက် ဆန်းကြယ်လှကြောင်း ဒီစာအုပ်ကလေးက သက်သေပြနေလျှက်ရှိနေပါတော့သည်။
@johndieo 7.1.2021
#hive-myanmar #myanmar #law #leo #life #oct #staire #proofofbrain #creativecoin #creativewriting #neoxian #archon #hive #asianhivecommunity #hive-engine #proofofbrain #creativecoin #leofinance #cent #neoxian #trafficinsider #vibes #hivelist