Posts

Airdrop တို့ရယူနိုင်ပါပြီ ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ ။ ယခုတလော အလုပ်များ နေ၍ Hive နှင့် Torum ပေါ်သို့ အပြည့် အဝ မရောက်နိုင်ခဲ့ပါ။ ရန်ကုန်ရှိ အထူးကု ဆေးရုံအားလုံးနီးပါးသို့ ကားပတ်မောင်းနေရသဖြင့် အထူးကု ဆေးရုံ အတော်များများအကြောင်း တော့ အတော်လေး သဘောပေါက်နေပြီ ဖြစ်ပါသည်။

ရန်ကုန်တွင် ကားမောင်းရသည့် ပြသနာတခုမှာ လိုရာခရီး ရောက်ပြီးလျင် ကားရပ်ရန် ကား parking နေရာ ရှာမရခြင်း ပင်ဖြစ်ပါသည်။ ရှိစေတော့ ယခုလို အချိန်အခါမျိုးတွင် စိတ်မကောင်း စရာများ စိတ်အားငယ်စရာအကြောင်း မရေးသားလိုပါ။ အဘယ့်ကြောင့် ဆိုသော် မိမိတို့ထက် ပို၍ ဒုက္ခဆင်းရဲ ရောက်နေကြသူတို့အား အားနာသောကြောင့် ဖြစ်ပါသည်။

ဆိုတော့ Cryptocurrency အကြောင်းသာ ပြောကြပါစို့။ ကျွန်တော် Airdrop နောက်လိုက်နေသည်ကို မိတ်ဆွေတို့အားလုံး အသိပင် ဖြစ်ပါသည်။ ယခုတော့ ထို Airdrop များထဲမှ တခု နှစ်ခု တော့ Wallet အတွင်းသို့ ရောက်လာပြီ ဖြစ်ပါသည်။

အချို့ Airdrop များကတော့ သတ်မှတ်ထားသည့် ရက်ရောက်လာသည့်တိုင် Airdrop ချပေးခြင်း မရှိသေးပါ။ အချို့ကလည်း တသုတ်ပြီး တသုတ်ချပေးနေသည်ဟု သိရပါသည်။ Airdrop ထုတ်ယူရရှိနိုင်သော Token များနှင့် Contract Address အား အောက်တွင် ဖေါ်ပြပေးထားပါသည်။

လောလောဆယ် Airdrop ရထားသော်လည်း မည်သည့်ဈေးကွက်တွင် ဝယ်ရောင်း လုပ်နေကြသည်ကို တော့ မသိသေးပါ။ မသိသေးဆိုသည်မှာ ရှာမကြည့်ရသေးသောကြောင့် ဖြစ်ပါသည်။ ဈေးကွက် ရှာတွေ့လျင် သီးသန့် ဖေါ်ပြပေးပါမည်။

ထို့ အတူ ကျွန်တော် နောက်ထပ် လိုက်ယူနေသော Airdrop များအားလည်း ကော်မန့်တွင် link များ ချထားပေးပါသည်။ လောလောဆယ် အခြေအနေတွင်တော့ ရသလောက်ယူထားရုံသာ။ Cryptocurrency ဈေးနှုန်းများကလည်း တအိအိ ပြန်လည်ကျဆင်းလာနေရာ ကျွန်တော်တို့ Hive ကလည်း 0.25$ သို့ ရောက်လို့နေပါပြီ။

ယထင်ကတော့ 0.40$ တွင်ရှိနေလည်း မဆိုးပါဘူးဟု ယူဆနေရာမှ ယခုတော့ 0.25$ လည်း ပိုက်ဆံပါပဲဟု ပြောင်းလည်း ယူဆရမလို ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံ ဖြစ်နေသမျှတော့ အရယူနေအုံးမည်သာ ဖြစ်ပါသည်။ယခုရက်ပိုင်း စာရှည်ရှည် ရေး၍ ဗဟုသုတ ရစရာ ဆောင်းပါးများ မရေးနိုင်သေးသည့် အတွက်လည်း တောင်းပန်ပါသည်။

GSP - Contract Address - 0x47826432f976dbd5581b836b2d90cb3e0d28d768

UBARATUTU- ( TuTu ) - Contract Address-0x3dca4966d44cd8a4b31b6a503fc84f2165b60155

Henry Aung ( Kachin )

21/06/2021 - Monday - 17;54 Pm