Posts

Airdrop တို့ရယူထားသမျှ ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ။ ယနေ့ကတော့ နံနက်စောစောစီးစီး Hive ဈေးရုတ်တရက်ခုန်တက်သွားသဖြင့် ဘာရယ်မဟုတ် ခဏတာတော့ ပျော်ခွင့်ရသွားခဲ့ပါသည်။ BTC အတက်ကြောင့် Hive ဈေးတက်သွားသည်ပဲလား..? သို့မဟုတ် Splintersland ကြောင့်ပဲ Hive ကို လူသိများလာကာ Hive ဝယ်ကြသောကြောင့် ဈေးတက်သွားသည်ပဲလား .... ? မည်သို့ကြောင့် ဈေးတက်သွားသည် ဖြစ်စေ Hive ဈေးတက်သွားဖို့သာ အဓိကဖြစ်ပါသည်။

Hive ဈေးတက်လာတော့လည်း စာရေးထားသည် Rewards များပိုရလာသည် ဖြစ်၍ စာရေးရသည်မှာ အားတက်ဖွယ်ပင်ဖြစ်ပါသည်။ Cryptocurrency နှင့်ပတ်သက်၍ ပျော်စရာကောင်းသော အချိန်မှာ ဤသို့သော အချိန် ဖြစ်ပါသည်။

ဘာရယ်မဟုတ် မိမိ Wallet တန်ဖိုးမြှင့်လာသည်ကို ကြည့်ရင်း USD ဘယ်လောက်တန်ဖိုး ရှိလာသည် မြန်မာကျပ်ငွေဖြင့်တော့ ဘယ်မျှလောက်ရနိုင်သည်ကို တွက်ချက်ရင်း ကျေနပ်ပီတီဖြစ်နေရသည်မှာ Cryptocurrency လက်ဝယ်ပိုင်ဆိုင်ထားသူတိုင်းသာသိနိုင်ပါသည်။

ထို့ကြောင့် Cryptocurrency များများ ပိုင်ဆိုင်နိုင်စေရန် အတွက် တခုတည်းသော နည်းလမ်းမှာ ဝယ်စုမည်လား Airdrop ယူမည်လား ဟူ၍ ရှိရာ ကျွန်တော်ကတော့ Airdrop နောက် တကောက်ကောက် လိုက်နေသည်မှာ တလ ကျော်နီးပါးကြာလာပြီဖြစ်ပါသည်။

ဤ အတောအတွင်း ရသည့် Airdrop များကလည်း ရသလို မရသည့် Airdrop များကပိုများပါသည်။ ကိစ္စမရှိပါ။ Free ရယူထားသည့် အတွက် နည်းသည် များသည် ရသည်မရသည် ချေးများနေ၍ မဖြစ်ပါ။ ရလျင် ရသလောက်ယူထားယုံသာ ဖြစ်ပါသည်။

အောက်တွင် ယခင် ကျွန်တော်ရယူထားသော Airdrop Address များအား ဖေါ်ပြပေးလိုက်သလို နောက်ထပ် ရယူနိုင်စရာ Airdrop link အသစ်များအား ကော်မန့်တွင် ချထားပေးပါသည်။ မိတ်ဆွေတို့ အလိုရှိသလို အသုံးချနိုင်ပါသည်။

Airdrop ရယူရာတွင် Contract Address ထည့်၍ Token claim ယူနည်းကို ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးပြီးဖြစ်၍ အဆင်ပြေသလို ရှာဖတ်ကြည့်ကြပါကုန်။ မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ။

Token ( AVI ) - Contract Address - 0x313a7ec4668cb98b65b6ba0284e75561ccef145b

Token ( BDA ) - Contract Address - 0x5b7f0c82d342be42c94d789cfc3aae29863d123e

Token ( BR ) - Contract Address - 0x25b070898a6c899b31e81de686b82241f5964ab4

Token ( EUSD )- Contract Address - 0xa1fd12820f0c1c492dd87f8a0d12043d8f24f8a6

Token ( GSP ) -Contract Address - 0x47826432f976dbd5581b836b2d90cb3e0d28d768

Token ( Kitty ) -Contract Address- 0x02b59dfad35eb4d943c1bbe5d1b0153cce2c7db7

Token ( Mega ) -Contract Address- 0x148c560a9ce8a9d7f869aa97efa2c2aa623927c9

Token ( TuTu )-Contract Address- 0x3dCa4966D44Cd8A4B31b6A503fc84f2165B60155

Henry Aung ( Kachin )

29/07/2021 - Thursday - 19;00 Pm