Posts

Blockchain နှင့် ဘဝ အချိုးအကွေ့ ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ။ ယခုတလော Hive Platform တွင် အလုပ်ရှုပ်နေကြသကတော့ ဂိမ်းကစားခြင်း ပင်ဖြစ်ပါလိမ့်မည်။ Hive အကောင့်တခု ရှိရုံမျှဖြင့် ဂိမ်းအတော်များများကစား နိုင်သည့် အပြင် reward များလည်း ရကြသည်ဆိုတော့ အားရစရာပင် ဖြစ်ပါသည်။

ကျွန်တော်တို့ ဖြတ်သန်းနေသော ခေတ်သည် အပြောင်းအလည်း မြန်လွန်းသော ခေတ်ဖြစ်ပါသည်။ ကျွန်တော်တို့ အဘိုးတို့ ခေတ်နှင့် အဖေတို့ခေတ်သည် ထူးထူးခြားခြား ပြောင်းလည်း သွားခြင်းမရှိခဲ့ပါ။

သို့သော် ကျွန်တော်တို့ အဖေခတ်နှင့် ကျွန်တော်တို့ခေတ်သည် ပြောင်းလည်းမှု အတော်ကြီးမားပါသည်။ ၂၀၀၀ ခုနှစ် နောက်ပိုင်း Degital ခေတ်သို့ ဝင်ရောက်လာသော အခါ အပြောင်းအလည်း တို့သည် ၁၀ စုနှစ် တခုအတွင် အချို့အရာများ လုံးဝပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။

၂၀၁၀ နောက်ပိုင်းကာလသည် Blockchain ခေတ်ဦးကာလဖြစ်သလို ယခု ၂၀၂၀ နောက်ပိုင်းသို့ရောက်လာသော အခါ အရှိန်အဟုန်ဖြင့် ခရီးဆက်နေပါသည်။ Blockchain သည် အဘယ်ကြောင့် ဆယ်စုနှစ် တခုကြာသည့်တိုင်အောင် အရှိန်ယူရသနည်းဆိုသော် ကျွန်တော်တို့ သုံးစွဲနေသော ငွေကြေးဟူသော အရာနှင့်ပတ်သက်နေသောကြောင့် ဖြစ်ပါသည်။

ကျွန်တော်တို့ သုံးစွဲနေသော ငွေကြေးဟူသော အရာ အားလူသားတို့ သုံးစွဲနေခဲ့သည်မှာ ထောင်စုနှစ် ပေါင်းများစွာရှိပြီ ဖြစ်ပါသည်။ ယခင်က ရွှေ / ငွေ တို့အား ငွေကြေးအဖြစ်အသုံးပြုသည်။ ထို့နောက် ပိုမို အသုံးပြုရလွယ်ကူစေရန် စက္ကူ များဖြင့် ထုတ်သည်။

ထို့နောက်တော့ Digital ကိန်းကဏန်း များဖြင့် သုံးစွဲကြသည်။ ထိုငွေကြေးဟူသော အရာသည် မည်သည့်ခေတ် တွင် မည်သည့်ပုံ စံဖြင့် သုံးစွဲနေသည်ဖြစ်စေ ပုံသေနည်း တခုတည်းတွင်သာ အခြေခံခဲ့ပါသည်။ အစိုးရ + အာဏာ + ငွေကြေး ဖြစ်ပါသည်။ အစိုးရဖြစ်လျင် အာဏာရှိသည် ငွေကြေးကို စီမံဖန်တီးနိုင်သည်။ ငွေရှိသည် အာဏာရှိသည် အစိုးရ ဖြစ်ရန် ဖန်တီးနိုင်သည်။

ဤသုံးခုသည် အမြဲတမ်း ဆက်စပ်နေသည် ဖြစ်ရာ ယခု အသစ်တဖန်ပေါ်လာသော ငွေကြေး cryptocurrency သည် ဤ သုံးခုမှ လွတ်ကင်းသည့် အတွက် ဤ ငွေကြေး ခေတ်ပြောင်းတော်လှန်ရေးသည် နှစ်ပေါင်း ထောင်ချီကြာနေပြီ ဖြစ်သော စနစ်တခုအား ပြောင်းလည်းပြစ်နေသည်ဖြစ်၍ အချိန်ယူရမည်သာ ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် Cryptocurrency သည် မည်သူမျှ ထိန်းချုပ်ထားခြင်း မရှိသောကြောင့် အစိုးရ / အာဏာ ရှိသူတို့နှင့် ထိပ်တိုက်တွေ့ရသောကြောင့် ဖြစ်ပါသည်။

အချို့သူများက Covid ရောဂါ ရိုက်ချက်ကြောင့် Cryptocurrency ဈေးကွက် များပျက်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။ Covid ကြောင့် ဈေးကွက် မပျက်သည့်အပြင် Cryptocurrency ဈေးကွက်သည်ပို၍ ပင်ကြီးထွားလာခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် Covid က တကမ္ဘာလုံးရှိလူသားများအား တနှစ်နီးပါးခန့် အိမ်တွင် အောင်းစေသော အခါ လူအများက on line မှ မည်သို့ပိုက်ဆံရအောင် လုပ်ရမည်ကို ကြံဆကြပါတော့သည်။

ဤနေရာတွင် လူငယ်အများအများအပြားက Blockchain ပေါ်သို့ရောက်လာကာ ၂၀၂၀- ၂၀၂၁ အား Blockchain Gaming NFT ဈေးကွက်ကြီးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။

ယခင်က ကျွန်တော်တို့ပြောခဲ့ကြသော စကားတခွန်းမှာ " ကိုင်တွယ်မရသော ငွေကြေးကို စာရေးခြင်းဖြင့်ရှာဖွေခြင်း " ဟူသည်မှာ အခြားသူများအား ပြောပြလျင် ရူးနေသူဟု အထင်ခံကြရမည် ဖြစ်ပါသည်။

ယခုလည်း Game ကစားခြင်းအား အပျင်းပြေလုပ်၍ ဝင်ငွေရနိုင်သည်ဟု ပြောလျင် အရူးဟုတော့ မည်သူမျှ ပြောမည်မဟုတ်ပါ။ " ဟုတ်လား / ဘယ်လိုကစားရတာလည်း " ဟုပြန်မေးပါလိမ့်မည်။ ဤသည်မှာ Blockchain ၏ အချိုးအကွေ့ဖြစ်ပါသည်။

ယခင်က ကျွန်တော်တို့ ဂိမ်းဆိုင်တွင် ထမင်းမေ့ဟင်းမေ့ကစားနေ၍ အိပ်ပြန်ရောက်လျင် အရိုက်မခံရတောင် အဆူခံရမည် ဖြစ်ပါသည်။ ကျွန်တော်တို့လက်ထက်တွင်တော့ မိမိတို့သားသမီးများအား ဆုံးမမှု ပုံစံပြောင်းရတော့မည် ဖြစ်ပါသည်။ " ဟိုကောင် အပြင်ကြီးပဲထွက်လည် မနေနဲ့ / အိမ်မှာ နေရင်း ဂိမ်းလေးဘာလေးကစားပြီးပိုက်ဆံရှာ " ။

Henry Aung ( Kachin )

14/10/2021 - Thursday - 17;56 PM