Posts

Hive ဈေးတက်ခြင်းနှင့် ကျွန်တော့အတွေး ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
2 min read

မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကြီး Hive ကတော့ 3$ သို့ တက်လှမ်းရန် ဈေးကွက်တွင် ကလူဤသို့ မြူဤသို့ လုပ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ Hive ဈေးက 2$ အထက်တွင်ရှိနေသည်မှာ ရက်ကြာလာပြီး ဖြစ်သဖြင့် Hive ဟူသည်မှာ ပြား ၂၀ တန် မဟုတ်တော့ဟူ၍ ကိုယ့်ကိုကိုယ်လည်း ဘဝင်မြင့်ချင်လာသလိုလို ဘဝမေ့ချင်သလိုလို ဖြစ်လာပါသည်။

Cryptocurrency ၏ သဘောသဘာဝအတိုင်း အတက်ရှိပြီးလျင် အကျလာမည်ကိုလည်း သိထားပါသည်။ ထိုအကျသည် မည်သည့် ဈေးတွင် တန့်သွားပါသနည်း ဆိုသည်မှာ အရေးကြီးပါသည်။ ထို တန့်သွားသော ဈေးသည် ထို Coin / token ၏ ဈေးအမှန်ပင် ဖြစ်ပါသည်။

ဤသို့ ကျပြီးလျင် နောက်တခါ ထပ်တက်မည်။ ဈေးတက်လိုက် ဈေးကျလိုက် ဖြစ်နေခြင်း သည်က ထို Coin / token ၏ ဈေးကွက်ရှင်သန်နေခြင်း သဘောတရာ ဖြစ်ပါသည်။

ယခင် Steemit တွင် ရှိစဉ် အချိန်ကတော့ Steem / SBD များဖြင့် အတော်လေး သာယာခဲ့ဘူးပါသည်။ အကူအညီများ ပေးကြ အလှူအတန်းများလုပ်ကြ စသည်ဖြင့်။ Steemit တွင် ကျွန်တော်တို့ Myanmar Community အနေဖြင့် ပျက်ချိန်တန်၍သာ ပျက်သွားခဲ့ရပါသည် အတော်လေး အောင်မြင်ခဲ့သည်ကတော့ သေချာပါသည်။

Community ပျက်ချိန်တန်သည်ဟု ဆိုခြင်းထက် ခေါင်းဆောင် ဖြစ်သော ကျွန်တော်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပျက်သွားရသည်ဟု ဆိုလျင် ပို၍ မှန်ပါလိမ့်မည်။ ရှိစေတော့ ။ Steemit အကြောင်းနှင့်ပတ်သက်၍ ကျွန်တော့တွင် ပြောစရာစကား အတော်များများကျန်ပါသေးသည်။

Steem ဖြင့် Pre Wedding ရိုက်ခဲ့သလို SBD ဖြင့် မိန်းမယူခဲ့ပါသည်။ Steemit ၏ အစွယ်အပွား ဖြစ်သော Steemhunt ဖြင့် Honey Moon ထွက်ခဲ့ပါသည်။ ဤ Steemit ကြောင့်သာလျင်ပဲ Hive Platform ပေါ်သို့ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဆိုတော့ ယခု Hive Platform သို့ ပြောင်းလာသည်မှာ 2022 / February ဆိုလျင် ၂ နှစ် ပြည့်တော့မည် ဖြစ်ပါသည်။

Hive Platform မှ မည်သည့် အကျိုးအမြတ်မှ မထုတ်ယူရသေးပါ။ @htwegyi ဦးထွေးကတော့ Hive ဈေးတက်ခြင်း အမှတ်တရဟူ၍ 10 Hive ရောင်းကာ ဆန်တအိတ် ဝယ်ယူထားပြီးကြောင်း Post တင်ထားသည်ကို ဖတ်မိလိုက်ပါသည်။

အံ့ဩ စရာတော့ အကောင်းသာ။ ဘာမှန်းမသိ သော ထိတွေ့ကိုင်တွယ်၍ မရသော Digital ကိန်ကဏန်း ဖြစ်သည့် Hive ဟူသော အရာဖြင့် ဆန်တအိတ် ဝယ်နိုင်သည်ဆိုတော့ ။ အမှန်တော့ ဦးထွေး တန်ခိုးရှင် ဖြစ်သွားခြင်း ဖြစ်ပါသည်။

ဤသို့ တန်ခိုးရှင် ဖြစ်ရန်လည်း လွယ်တော့ မလွယ်ပါ။ ၄ နှစ် နီးပါးခန့် ဇွဲလုံးလဝရိယများ ဖြင့် Hive Blockchain ကျင့်စဉ် များအား တခုပြီးတခု ပြီးမြောက်အောင် ကျင့်ခဲ့သော ကြောင့်သာ ဤသို့ Hive တန်ခိုးရရှိသွားခြင်း ဖြစ်ပါသည်။

အမှန်တော့ Hive Blockchain ကျင့်စဉ်သည် အတော်လေး ကောင်းမွန်သော ကျင့်စဉ်ဖြစ်ပါသည်။ Hive ဖြင့် တန်ခိုးရှိသွားလျင် ရွှေဝယ်မည်လား / ငွေဝယ်မည်လား တကယ်မရှိသော အရာများမှ တန်ခိုးဖြင့် ရွှေ / ငွေ ဖြစ်အောင် ပြောင်းလည်းနိုင်ပါသည်။

Hive Blockchain ကျင့်စဉ် အများအပြားရှိရာတွင် ကိုဟိန်း / ဦးထွေး / ကိုဒွန် / ယွန်းသီရိ အစရှိသူများကတော့ စာရေးခြင်း ကျင့်စဉ် သက်သက်ဖြင့် တန်ခိုး ရသွားခြင်း ဖြစ်ပါသည်။ @domelay / ကိုမိုးဇော် တို့ကတော့ Gaming ကျင့်စဉ် အား တစိုက်မတ်မတ် ကျင့်နေကြသည်ဖြစ်ရာ Splinterland ဟူသော ရေခဲတောင်ကြာပွင့် စားပြီးသွားသည့်နောက်တော့ သူရို့လည်း Gaming တန်ခိုးရှိသွားကြပြီ ဖြစ်ပါသည်။

ယခုတော့ @donjaun ကလည်း တန်ခိုး နှစ်မျိုး ရရှိစေရန် ရေခဲတောင်ကြာပွင့် ထက် ပိုအားကောင်းသည့် LOA ဟူသော Gaming မီးလက်ဝါးသိုင်းကျင့်စဉ်ကို စကျင့်နေပြီဖြစ်ပါသည်။မိတ်ဆွေများအား အပျော်သဘောဖြင့် စနောက်ထားခြင်းသာဖြစ်၍ သည်းခံကြပါကုန်။

အမှန်ဆိုရလျင် ယခုနှစ်ထဲတွင် ကျွန်တော့ အနေဖြင့် ဘန်ကောက်သို့ သွားစရာခရီးစဉ် တခုရှိနေခဲ့ပါသည်။ နိုင်ငံရေး အခြေအနေ / ကူးစက်ရောဂါ အခြေအနေများကြောင့် ထို ခရီးစဉ်အား ရွေ့ဆိုင်းထားရပါသည်။

အခြေအနေများ ပုံမှန် ပြန်ဖြစ်လာလျင်တော့ ထို ဘန်ကောက်ခရီးစဉ်အား Hive ဖြင့် သွားရန် စိတ်ကူးထားပါသည်။ လောလောဆယ် စိတ်ကူးထားသည်က မနက်ဖြန် ဒီဇင်ဘာ ၁ ရက်မှ ၃၁ နေ့ထိ post တင်၍ ရသော HBD များအား Saving သို့ မပို့ပဲ သည်အတိုင်းထားကြည့်ပါမည်။

Hive Engine တွင်လည်း HE token များ Stack လုပ်ထားခြင်းကြောင့် ရလာသည့် reward များအား ထပ်မံ Stack မလုပ်ပဲ ထားထားကြည့်မည်။ ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့တွင် အားလုံးပေါင်းကြည့်မည်။

ဤသို့ဆိုလျင် ကျွန်တော် ၏ တလစာ Hive အသီးအပွင့် မည်မျှ ရှိကြောင်း သိရမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်သည် မြန်မာပြည် အတွက်သာ မက ကျွန်တော်တို့ Hive Myanmar Community အတွက်လည်း ကံကောင်းသော ခုနှစ်တခု ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

Henry Aung ( Kachin )

30/11/2021 - Tuesday - 18;20 Pm