Hive Platform နှင့် ဆက်စပ်သမျှ ( Henry Aung )
မင်္ဂလာပါ။ ယခုတလော Hive Platform ပေါ်သို့ လူသစ်များ အပါအဝင် ယခင် Steemit မှ လူဟောင်းအတော်များများလည်း ပြန်ရောက်လာနေကြပြီကို တွေ့ရပါသည်။ Steemit Platform မှ Hive ကို ကူးပြောင်းရာတွင် Steemit ၏ Key များ ဖြင့်သာ Hive Platform ပေါ်သို့ ဝင်ရောက်ရခြင်း ဖြစ်ပါသည်။
အများ သိပြီး ဖြစ်သည့် အတိုင်း Steemit တွင် Steem Power ရှိသလောက် Hive တွင်လည်း Hive Power ရရှိပါသည်။ ယခင် Steemit မှ Steem Power များ ထုတ်ရောင်းစားခဲ့သူဆိုလျင်တော့ Hive Power မရနိုင် ပါ။
အကယ်၍ မိတ်ဆွေအနေဖြင့် Steem Power ဒီအတိုင်းရှိသေးသည်ဆိုလျင် တော့ Steem Power ရှိသည့် အတိုင်း Hive Power ရရှိနိုင်သလို Blurt ဟူသော အခြား token တမျိုးလည်း မိမိ Steem Power ပါဝါရှိထားသလောက်ရနိုင်ပါသည်။ ထို Blurt Blockchain အားလည်း မိမိ၏ Steemit Key ဖြင့်သာ ဝင်ရောက်ရခြင်း ဖြစ်ပါသည်။ https://blurt.blog/login.html မှဝင်ရောက်နိုင်ပါသည်။
Blurt token သည် လက်ရှိအချိန်ပေါက်ဈေးမှာ $0.005 ဈေးပေါက်လျက်ရှိပါသည်။ မိတ်ဆွေတို့ အနေဖြင့် Steem မှ Hive သို့ လည်းကောင်း Blurt မှ Hive သို့လည်းကောင်း ပြောင်းလည်နိုင်ရန် အကောင်း ဆုံး Exchange Site မှာ https://exchange.ionomy.com/ ဖြစ်ပါသည်။
Steem / Hive / Blurt ဤ တနေရာတည်းတွင် ဝယ်ရောင်းပြုလုပ်နိုင်ပါသည်။ တခုသတိပေးလိုသည်မှာ မိမိသည် Steemit / Blurt / Hive ဤ အကောင့်သုံးမျိုးစလုံးအား Key တမျိုးတည်းဖြင့်သာ အသုံးပြုသည်ဆိုလျင် မိမိ အကောင့်များ အတွက် အန္တရာယ်ရှိပါသည်။
မိမိအနေဖြင့် Hive အကောင့်အား သဘောကျသည် ဆိုလျင် Steemit Key အား သေချာမှတ်သားထား၍ မိမိ Hive အကောင့် key အား ချိန်းပြစ်ရန် လိုပါလိမ့်မည်။
ကျွန်တော်တို့ အဘယ့်ကြောင့် Steemit အား စွန့်ခွာခဲ့ရသနည်းဆိုသော် Steemit platform သည် ယခင်ကကဲ့သို့ ထိန်းချုပ်မှုမဲ့ မဟုတ်တော့ပဲ တစုံတယောက်၏ လုံးဝထိန်းချုပ်မှုအောက်သို့ ရောက်သွားသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် မိမိအနေဖြင့် မိမိ Hive အကောင့်အား တန်ဖိုးထားသည်ဆိုလျင် Steemit Key နှင့် Hive Key အား ခွဲထုတ်ထားရန် လိုပါလိမ့်မည်။ အထူးသဖြင့် မိမိက Blurt token အားလည်း Steemit key ဖြင့်သာ ဝင်ယူထားသည်ဆိုလျင်တော့ Hive Key အား မဖြစ်မနေ ပြောင်းစေလိုပါသည်။
ဤသည်မှာ မိမိအကောင့် အန္တရာယ်ကင်း စေရန်အတွက် သတိပေးရခြင်းသာဖြစ်၍ မိတ်ဆွေတို့၏ အကောင့်အား မိတ်ဆွေတို့ စိတ်ကြိုက်စီမံနိုင်ပါသည်။ အချို့ကလည်း Hive နှင့် Steemit အားခွထိုင်ထားရင်း နှစ်သီးစားနေကြသည်ကိုလည်း တွေ့ရပါသည်။
ကျွန်တော့ အနေဖြင့်ကတော့ Hive Platform သို့ပြောင်းလာခြင်းအပေါ်လုံးဝနောင်တမရပါ။ Hive platform ၏ လက်ရှိ အခြေအနေအား အလွန်ပင်သဘောကျပါသည်။
Steemit မည်မျှလောက်တိုးတက်သွားသည် မည်မျှလောက် ပြောင်းလည်းသွားသည်ကိုတော့ ကျွန်တော်လည်း မသိနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် Steemit အားဝင်မကြည့်ဖြစ်သည်မှာ တနှစ်ကျော် နှစ်နှစ်နီးပါးရှိတော့မည် ဖြစ်ပါသည်။ ကျွန်တော့အတွက်ကတော့ LeoDex ရှိနေလျင် ပြည့်စုံနေပြီ ဖြစ်ပါသည်။
အမှန်တော့ LeoDex ဆိုသည်မှာ Hive Engine ဈေးကွက်ဖြစ်သလို Tribaldex ဆိုသည်မှာလည်း အတူတူပင်ဖြစ်ပါသည်။ သို့သော် Function ပိုင်တွင် Tribaldex က LeoDex နှင့် Hive Engine တို့ထက်ပို၍ မြန်ဆန်၍ တိကျသည်ဟု ထင်ပါသည်။
Hive Engine Token ဈေးကွက်သည်လည်း ယခင်ကတော့ ၂၄ နာရီဝယ်ရောင်း အများဆုံး သောင်းဂဏန်သာ ရှိခဲ့ပါသည်။ ထိုအချိန်က ရေပန်းစားသည်က Leo ဖြစ်ပါသည်။ ယခုနောက်ပိုင်းတော့ Splinterland ၏ DEC က ဈေးကွက်ထိပ်ဆုံးအား နေရာယူထားပါသည်။
Tribaldex / LeoDex / Hive Engine အတွင်း ဝယ်ရောင်းနေကြသော Token တခုချင်းစီ၏ အကြောင်းအား မနက်ဖြန်တွင် ရေးတင်ပေးပါမည်။ Token အားလုံးဟုဆိုသော်လည်း အလားအလာရှိသော ရေပန်းစားနေသော Token များအား ဆိုလိုခြင်း ဖြစ်ပါသည်။ မိတ်ဆွေတို့ မှန်းဆရလွယ်ကူစေရန်အတွက် token တခုချင်းစီ၏ ဈေးနှုန်းအား မြန်မာကျပ်ငွေဖြင့် တွက်ချက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
16/10/2021- Saturday - 17;34