Posts

Hive Power ဖြင့် ကျပ်ပြည့်စေရန် ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
2 min read

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Hive Platform အကြောင်းရေးသားနေခဲ့သည်မှာ မပြီးနိုင် မစီးနိုင် ဖြစ်လို့လာနေပါတော့သည်။ မတတ်နိုင်။ Hive platform ကလည်း ကျွန်တော့ အတွက် ရေးစရာမကုန်နိုင်အောင်ကို ကုန်ကြမ်းများ ထုတ်ပေးနေပါတော့သည်။

Hive Engine token များကလည်း Social media Blogging token များသာ ရှိပါသေးသည်။ Gaming token များ နှင့် အခြားသော token ကွိစိကွစ များအကြောင်း ရေးသားရန်ကျန်နေပါသေးသည်။ ရှိစေတော့ ။ ယနေ့တော့ Hive Power အကြောင်း ပြောကြပါစို့။

ကျွန်တော်တို့ သည် Steemit အား စွန့်ခွာသွားပြီးနောက် Hive Platform တွင် အချိန်အတော်ကြာကြာ ကျပ်မပြည့်သည့် ဘဝများဖြင့် ရပ်တည်ခဲ့ရပါသည်။ ကျပ်မပြည့် ဟုဆိုခြင်းမှာ မိမိတို့ တင်လိုက်သော Post များမှာ 1$ အပြည့် မရပဲ ပြား ၃၀ / ပြား ၅၀ ဖြင့် ကျေနပ်တင်းတိမ် ခဲ့ကြရပါသည်။

သို့သော်လည်း ထိုအခြေအနေမျိုးအား ဂရုမစိုက်ပဲ နေ့စဉ် မပြတ် post တင်နေခဲ့သူများမှာ လက်ဆယ်ချောင်းပင်မပြည့်ပါ။ ဆိုခဲ့သည့်အတိုင်း Hive Power ဖိညှစ်စုကြရင်း Leofinance အောင်မြင်လာသောအခါ အနည်းငယ် အခြေအနေကောင်းလာသည်ဟု ဆိုရပါမည်။

Leofinance က HP Delegate လုပ်ရန် တောင်းခံလာခဲ့ပါသည်။ reward အနေဖြင့် နေ့စဉ် အချိုးကျ Leo ပြန်ပေးပါသည်။ Leofinance ၏ Leo reward သည် ပြင်ပ Leo ပေါက်ဈေးနှင့် ဆက်စပ်နေပါသည်။ ပြင်ပ Leo ဈေးမြင့်လေ ရရှိသော delegate reward နည်းလေ ဖြစ်ပါသည်။

လက်ရှိ Leofinance delegate reward မှာ နေ့စဉ် HP 1000 Delegates လုပ်ခြင်း အတွက် 1.4 Leo ရသည် ဟုထင်ပါသည်။ ယခုနောက်ပိုင်းတွင် Ecency သည်လည်း HP Delegate တောင်းခံပါသည်။

Reward အနေဖြင့် Ecency Point များပြန်လည်ရရှိပါသည်။ မည်မျှရသည်တော့ ကျွန်တော် မသိပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် Ecency သို့ HP delegate မလုပ်ထားသောကြောင့် ဖြစ်ပါသည်။

ဆိုတော့ ကျွန်တော်ပြောလိုသည်မှာ မိမိ HP 3000 ခန့် ဖြစ်လာလျင် 1000 အား Ecency သို့ Delegate လုပ်ထားသည့် အတွက် နေ့စဉ် ရရှိသော point များဖြင့် မိမိ post အား ပြန်၍ Boost လုပ်ခြင်းဖြင့် မိမိတို့ ၏ ကျပ်မပြည့်သော post များအား ကျပ်ပြည့်လာစေနိုင်မည် ဖြစ်ပါသည်။ ဤနည်းဖြင့် မိမိ reward များအား Ecency point ဝယ်ယူရန်မလိုတောပဲ အပြည့်အဝ power up နိုင်မည် ဖြစ်ပါသည်။

ယခုနောက်ပိုင်တွင် Pizza ကလည်း Delegate တောင်းခံနေပြီ ဖြစ်ပါသည်။ ကျွန်တော့ထံတွင်ရှိသော HP ကလည်း Leofinance သို့ HP10000 delegate လုပ်ပေးထားပြီးဖြစ်ရာ ကျန်သော HP 12000 အား ချန်ထားရပါသည်။

အဘယ့်ကြောင့်ဆိုသော် မိတ်ဆွေတို့အား Vote ပေးရန် နှင့် လူသစ်အဖြစ်ရောက်လာကြသူများအား အဆင်ပြေစေရန် HP delegate လုပ်ပေးနိုင်ရန် အတွက်ချန်ထားရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော် Hive Platform ပေါ်တို့ ဝင်ရောက်ကြည့်မိတိုင်း ကျွန်တော့ တွင် HP 50000 များသာ ရှိလိုက်လျင်ဖြင့်ဟု အမြဲတမ်းတွေးတောနေမိပါသည်။

ယခင် အချိန်မျိုးဆိုလျင်တော့ မိမိရသော လခ / မုန့်ဖိုးများထဲမှ တလည်း နည်းနည်းချင်း စုငွေသဘောမျိုး အနေဖြင့် Hive ဝယ်စုကြပါရန် အကြံပေးမိမည် ဖြစ်သော်လည်း ယခုကဲ့သို့ ခေတ်ပျက်ကာ အဖက်ဖက်မှ ယိုးယွင်းနေသော အချိန်ကာလတွင် မိတ်ဆွေများ အနေဖြင့်လည်း စာရေး post တင်ရင်း HP ကြိုးစား စုကြပါရန်သာ တိုက်တွန်းနိုင်ပါတော့သည်။

ဤတွင် HP ကြိုးစားစုနေကြသော မိတ်ဆွေများအား တခုသတိပေးလိုပါသည်။ Hive Platform ပေါ်တွင် HP စုနေကြသော မိမိတို့ အနေဖြင့် HP အမြန်စုလိုသောကြောင့် မသမာသော အခြားနည်းလမ်းများအား အသုံမပြုမိစေရန် သတိပေးလိုပါသည်။

ဥပမာ အကောင့်ပေါင်းများစွာ ဖွင့်ကာ Ecency မှ point များ နေစဉ်ရယူပြီး မိမိ post အား vote ပေးခြင်း မျိုးအား ရှောင်စေချင်ပါသည်။ Blockchain တွင် transition တိုင်းတခုနှင့်တခု ချိတ်ဆက်ထားကြသည် ဖြစ်ရာ မိမိ record အား မည်သို့မျှ ဖျက်မရပါ။

အကောင့်များစွာ၏ transition များသည် အကောင့်တခုတည်းသို့သာ ဦးတည်နေလျင် Reward Abuse ဟုယူဆကာ Down Vote များရောက်လာတတ်ပါသည်။ HP အားကြီးသော သူများ၏ Down Vote ထိလျင် မိမိ အနှစ်နှစ် အလလ တည်ဆောက်ထားသော အကောင့် မှာ သုံညဘဝသို့ ရောက်သွားမည် ဖြစ်ပါသည် ။

ကျွန်တော့ အနေဖြင့် အသိပေး သတိပေးလိုခြင်း သာ ဖြစ်၍ မည်သူမျှ ထိခိုက်ရန် မရည်ရွယ်ပါ။ မိမိ Hive အကောင့် အား မိမိစိတ်ကြိုက် စီမံနိုင်ပါသည်။

Henry Aung ( Kachin )

19/10/2021 - Tuesday - 17;22 PM