Posts

သောင်းပြောင်းထွေလာ ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
2 min read

မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကြီး Hive ကတော့ USD $2 အောက်သို့ ဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ သို့ပေသိ ကိစ္စမရှိပါ။ Hive အား ဈေးအကျတွင် စောင့် ဝယ်နေသူတို့ ရှိသောကြောင့် အများကြီး စိုးရိမ်စရာ မရှိဟုထင်ပါသည်။ အမှန်တော့ Hive တခုတည်းသာ မဟုတ်ပါ။ Cryptocurrency အားလုံး အနီရောင်သန်းလျက် ရှိနေပါသည်။

ယခင်က ကျွန်တော်ပြောခဲ့ပြီး ဖြစ်သည့် အတိုင်း ဈေးတက်ပြီးလျင် ကျလာမည်။ ဈေးကျလာပြီး နောက်ထပ်တက်မည်။ ကိစ္စမရှိပါ။ ကျွန်တော်တို့က လုပ်စရာရှိသည်များ ဆက်လုပ်သွားယုံသာ ဖြစ်ပါသည်။

မိတ်ဆွေတို့ သိပြီးဖြစ်သည့် အတိုင်း ကျွန်တော်တို့ အချိန်ပေး၍ Boost လုပ်နေသော Ecency ကလည်း သူ၏ Boosting Value ကို လျှော့ချလိုက်ပြီ ဖြစ်ပါသည်။ Ecency အားကိုး၍ မိမိ Post အား Boost လုပ်သူများလွန်းသော ကြောင့် သူတို့တွင် ရှိထားသော Power များဖြင့် မနိုင်မနင်း ဖြစ်လာပါတော့သည်။

ယခင်ကတော့ ယနေ့ Boost လျင် မနက်ဖြန်လာ Vote ပေး အဆင်ပြေနေခဲ့ပါသည်။ ယခုတော့ တခါ Boost ထားလျင် မနက်ဖြန် Ecency point ပြန်ရပါ့မလား စိုးရိမ်နေရပါသည်။ ၃/၄ ရက် တကြိမ် Vote ပေးလျင်ဖြင့် ထီပေါက်သကဲ့သို့ ပျော်ရပါသည်။ မတတ်နိုင်ပါ။

Hive လည်း ဈေးတက်စေချင်ပါသည်။ ဈေးတက်လာလျင်လည်း ဤသို့ ကသောင်းကနင်း ဖြစ်လာသည်ကိုလည်း သည်းခံရုံသာ ရှိပါသည်။ မိမိလည်းဘာမျှ တတ်နိုင်သည်မဟုတ်။

ယခုတလော စာရေးရသည်ကတခုတော့ကောင်းလာပါသည်။ Comment များဖြင့် ဝေဝေဆာဆာ ဖြစ်လာပါသည်။ အများအားဖြင့်တော့ Lol comment များ ဖြစ်ပါသည်။ တခုသတိထားမိသည်မှာ ကျွန်တော့တွင် Lol 70 ကျော်သာ ရှိသောကြောင့် Lol comment 7 ခုသာ ပေးနိုင်ပါသည်။

မတတ်နိုင် ယခုတလလုံး မည်သည့် token မျှ မဝယ်ဟု ဆုံးဖြတ်ထားသော ကြောင့် Lol token ဝယ်ယူ အုံးမည်မဟုတ်ပါ။ ကျွန်တော့ Post ၏ ပထမဆုံး Comment 7 ခုသာလျင် Lol ပေးနိုင်မည် ဖြစ်ပါသည်။ သည်းခံကြပါကုန်။ Lol မပေးနိုင်တောင် Pizza တော့ အကြိုက်ပေးနိုင်ပါသည်။

ထို့ကြောင့် မိတ်ဆွေတို့ အနေဖြင့် ကျွန်တော့ ထံမှ Lol token မရလျင် စိတ်မဆိုးကြပါနှင့်။ Lol မရတောင် နေ့စဉ် Pizza ကျွေးနိုင်ပါသေးသည်။ Luv ကတော့ အတော်များများအား ပေးဖြစ်ပါသည်။ သို့သော် တနေ့လျင် Luv ဘယ်နှစ်ကြိမ် ပေးနိုင်သည် ကျွန်တော်မသိပါ။ ကျွန်တော့ ထံတွင် LUV ၁၄ ခုသာ ရှိထားပါသည်။ မိတ်ဆွေများ အနေဖြင့် လည်း Luv မည်မျှ ပေးနိုင်ကြောင်း သိထားလျင် မျှဝေပေးစေချင်ပါသည်။

Hive အနေဖြင့် လည်ကောင်း Hive Engine token များသည် လည်ကောင်း Hive ဈေးအတက်အကျကြားတွင် အတော်လေး ကမောက်ကမဖြစ်နေအုံးမည်ဟုထင်ပါသည်။ Hive အနေဖြင့် တည်ငြိမ်သော ဈေးတခုရောက်သွားလျင် အရာရာ ပြန်လည် အဆင်ပြေလာပါလိမ့်မည်။

ယခုတလော နာမည်ကြီးနေသည့် သတင်းကတော့ မိတ်ဆွေတို့ သိပြီး ဖြစ်သည့်အတိုင်း Mobile Data များ ဈေးတက်လာမည့် အကြောင်း ဖြစ်ပါသည်။ Mobile Data ဈေးတက်လာလျင် ဈေးကွက်စီးပွားရေး မည်မျှ ထိခိုက်လာမည်ကိုတော့ ကျွန်တော်မသိပါ။

သို့သော် ပြည်သူတို့ သဘောပေါက်လာသည်က ကြင်စိုးတို့ တသိုက် မြန်မာပြည်အား ပိုကောင်းအောင် မလုပ်နိုင် ကျပ်တည်းလာအောင်သာ လုပ်နိုင်ကြောင်း သဘောပေါက်လာကြပါသည်။ ယခင်က ကိုယ်နှင့် မဆိုင်သလို နေသူတို့လည်း ယခုတော့ အားလုံးဆိုင်လာရပါပြီ။ မတတ်နိုင်။ မြန်မာပြည်တွင် လူဖြစ်လာပြီကိုးလို့။

ကျွန်တော်စဉ်းစားမိပါသည်။ အချို့ဆရာ တော်ကြီးများ တရားဟောရာတွင် လူတယောက် ဖြစ်လာရန် အတွက် အလွန်ခဲယဉ်း ကြောင်း လူဖြစ်သည့် အချိန်တွင်လည်း သာသနာနှင့် ကြုံကြိုက်ပါမှ နိဗ္ဗာန် သို့ ရောက်နိုင်ကြောင်း ။

ကျွန်တော်တို့ကာ ကံကောင်းလှ၍ ဤ အချိန်တွင် လူလာဖြစ်ကြပါသည်။ ထိုထက် ကံကောင်းသည်ကာ နိဗ္ဗာန်ရောက်ကြောင်း တရားပြမည့် သာသနာနှင့် လည်း ကြုံကြိုက်နေကြပါသည်။ သို့သော် ကျွန်တော်တို့ကာ လောကီ အပူများ ဖြင့် ပူလောင်နေကြရပါသည်။

ကျွန်တော် မှတ်သားဘူး သည့် အရာတခုမှာ ဗုဒ္ဓမြတ်စွာဘုရား ဖြစ်လေရာ ဘဝတွင် ဒေဝဒတ်က ဘုရားလောင်း နှင့် ဆန့်ကျင်ဘက်ပြုခြင်းဖြင့် ဘုရားလောင်း ၏ ပါရမီကို ပိုမိုရင့်သန်လာစေသည့် အကြောင်း ဖြစ်ပါသည်။ ယခုမြန်မာပြည်တွင် မည်သူက ဘုရားလောင်း ဖြစ်သည်ကိုတော့ မသိပါ ဒေဝဒတ်ကိုတော့ဖြင့် ဦးစွာ မြင်နေရပြီ ဖြစ်ပါသည်။

Henry Aung ( Kachin )

04/12/2021 - Saturday - 18;14 Pm