Posts

၅ ပတ်အတွင်း LEO 500 Power Up နိုင်ခဲ့တယ်

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
1 min read

Hey Friends ... Have a great day!

ကျွန်တော် LeoFinance အသုံးပြုနေတာ 5 weeks
ရှိခဲ့ပါပြီ။ တစ်နေ့ တစ်နေ့ Post တင်ဖို့၊ Comment ရေးဖို့ Blogs တွေ လိုက်ဖတ်ရင်း စဉ်းစားရတာ မလွယ်လှပါဘူး။ သို့သော်လည်း အနာဂတ် ငွေကြေး ပန်းတိုင် တစ်ရပ် အတွက် ကြိုးစား လေ့လာနေရပါတယ်။ LeoFinance ပေါ်က အကြောင်းအရာတွေက ကျွန်တော့်ကို လွှမ်းမို့လို့ နေပါပြီ။ ကျွန်တော်၏ စိတ်အတွေးတွေက LeoFinance ပေါ်ကိုပဲ ရောက်လို့ နေပါတော့တယ်။

December ၁ ရက်နေ့မှာ HIVE Power Up ဖို့ နှင့် LEO Power 500 ပြည့်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီနေ့မနက် leodex.io ကို ဖွင့်ကြည့်လိုက်တော့ Wallet Balance မှာ 63.326 LEO ကို တွေ့မြင်ရပါတယ်။ ဒါနဲ့ ဘယ်က ရလဲ ‌ရှာကြည့်လိုက်တော့ ကျွန်တော် အဝယ် တင်ထားတဲ့ order နှစ်ခု အောင်မြင်နေတာ တွေ့ရပါတယ်။

ဒါဟာ LEO price ကျဆင်းသွာခြင်း မဟုတ်ဘဲ HIVE price အနည်းငယ် တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီမနက် HIVE ဈေးမှာ $0.14 cents ကျော်လာခဲ့ပါတယ်။

1 LEO ကို 1.82 HIVE ဈေးဖြင့် LEO 20 ကို @fbslo ဆီမှ ဝယ်ယူနိုင်ခဲ့ပြီး၊ 1LEO ကို 1.75 HIVE ဈေးဖြင့် LEO 40 ကို @tonimontana.leo ဆီမှ
ဝယ်ယူနိုင်ခဲ့ပါတယ်။

ဒီမနက် ရခဲ့တဲ့ Rewards က 3.326 LEO နှင့် စုစုပေါင်း လိုက်ပါက 63.326 LEO ရှိနေခဲ့တာပါ။

ဒါနဲ့ပဲ ကျွန်တော်လည်း ရှိနေတဲ့ 63.326 LEO အားလုံးကို Staking လုပ်ခဲ့ပါတယ်။
ဒီတော့ ကျွန်တော် ရည်ရွယ်ထားတဲ့ December 1 ရက်နေ့မှာ LEO 500 ပြည့်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် အောင်မြင်ခဲ့ပြီး ခုဆို ကျွန်တော့် Wallet ထဲမှာ Leo Power 532.549
ရှိနေပါပြီ။

ဒီနောက်မှာတော့ HIVE Power Up ဖို့ပဲ ကျန်ပါတော့တယ်။

LEO and HIVE Powering Up တာက ကျွန်တော်၏ အနာဂတ် ငွေကြေး ပန်းတိုင် အတွက် အရေးကြီး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။
ကျွန်တော် ဒါကို စားဝတ်နေရေး လွတ်မြောက်မှု ရသည်အထိ ဆက်လက် လုပ်သွားမှာပါ။

This post is writing by Burmese Language of I Could Stake LEO Power Over 500 In 5 Weeks .

အားလုံး အတွက် ကျေးဇူးတင်ပါတယ်။

Tin Aung Soe