Posts

ကျွန်တော်ဟာ Crypto Financial Goal အတွက် ရေဆန်ကူးနေပါတယ်

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
1 min read

ကျွန်တော်ဟာ Crypto ရေစီးမှာ ကူးခတ်နေပါပြီ။ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။
Crypto Knowledge , Trading Technic နှင့်
အရင်းအနှီးများစွာ မရှိခြင်းက အချိန် နှင့် အားစိုက်ထုတ်မှုကို
ပိုလုပ်ရစေပါတယ်။ ရေစီးအတိုင်း မျောပါနေရတာ မဟုတ်တော့ အခက်အခဲတော့
ရှိတာပေါ့။ ရေဆန် ကူးရသူတိုင်းဟာ ပင်ပင်ပန်းပန်း ကြိုးစားရမယ် ဆိုတာ
သဘာဝပါပဲ။ Crypto မြစ်ကို အလျားလိုက် ဆန်တက် ကူးခတ်နေရတာ
ဆိုတော့ ပန်းတိုင်ဟာ ဝေးနေပါသေးတယ်။ မိမိရဲ့ ပန်းတိုင် ဆီသို့ ရေစုန် ကူးသွားရတဲ့ သူတွေ အတွက်တော့ ခရီးရောက်ဖို့ လွယ်ကူမှာပေါ့။ ဒီစကားတွေဟာ စိတ်ပျက် အားလျော့စေဖို့ မရည်ရွယ်ပါဘူး။ ပန်းတိုင် ဝေးနေသော်လည်း နေ့စဉ် ကူးခတ်နေရင် တစ်နေ့တော့
ရောက်မည်မှာ မလွဲပါဘူး။ ကျွန်တော်၏ Crypto ရေဆန်ခရီးကို အရောက် ကူးခတ်သွားမှာပါ။


ယနေ့ဆို LeoFinance and HIVE Decentralised Blockchain အသုံးပြုနေတာ 6 weeks ပြည့်ခဲ့ပါပြီ။

မနေ့ကဆို HIVE Power Up Day မှာ HIVE Power 220 ကျော် Power Up ခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့မှာ HIVE Power 500 ပြည့်အောင် စီမံ ဆောင်ရွက်သွားပါမည်။

LeoFinance မှ အစပြုခဲ့တာ ဖြစ်သောကြောင့် Leo ကို
အားအပြုဆုံး၊ အားအထားဆုံး ဖြစ်ပါတယ်။
ခုဆို Leo Power 580 ကျော်ခဲ့ပါပြီ။ ၂၀၂၁ ဇန်နဝါရီ ၁ ရက်မှာ Leo Power 1000 ပြည့်အောင် ကြိုးစား Stake လုပ်ပါမည်။

ဒါတွေကတော့ ကျွန်တော်၏ အနာဂတ် Crypto Financial Goal အတွက် ပန်းတိုင်ငယ်များ ဖြစ်ပါတယ်။

HIVE Blockchain မှ အခြားသော Second Layer Tokens များကိုလည်း တစ်ပါတည်း စုနိုင်သလောက် စုဆောင်းသွားပါမည်။
၎င်း Tribe Tokens များ အကြောင်းကို အလျဉ်းသင့်သလို
လေ့လာဖို့ စိတ်ကူးထားသော်လည်း ဘယ်က စရမည် အတိအကျ မသိရသေးခြင်း နှင့် အားလပ်ချိန် မလုံလောက်သေးခြင်း တို့ကြောင့်
နှောင့်နှေးနေရဆဲပါ။ ယခုတော့ ဦးစားပေးသင့်တာကို အရင် လုပ်ဆောင်နေပါသည်။

မိတ်ဆွေတို့လည်း အကြံဉာဏ် ပေး၍ ကူညီကြပါဦး။

မိတ်ဆွေတို့ရော ဘယ်အရာကို ဦးစားပေးပြီး၊ ဘယ်လို ဆောင်ရွက်နေကြပါသလဲ။

This post is writing by Burmese Language of I Am Upstreaming For Crypto Financial Goal .

If you have not downloaded Dapplr App, You can download Dapplr App by using below my referral link.

https://app.dapplr.in/DLM7Sv4uQT8k5V4k6

Thank for all ...

Tin Aung Soe

Posted using Dapplr