Posts

Dipping Price & Income Statistics on Hive Blockchain

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
2 min read

Hello friends.

Today, HIVE Price has dropped to almost 60 cents. The drop in HIVE prices is not emotional for me. A drop in HIVE price reduces the Upvote Value on the Blockchain, reducing Author and Curation Rewards. Therefore, for content creators who get only Upvote Value Cent and users with little HIVE Power, falling HIVE prices can be depressing. Even so, I am still beyond the reach of the average person and not a Content Creator which Receiving many rewards or HIVE User with a lot of HIVE Power. I'm just a crypto collector who regularly does what I can on the Hive Blockchain.

Today, I checked my HIVE Rewards situation at hivestats.io while HIVE prices are falling.

For today, my HIVE Rewards are Author HP 2.83, Author HBD 2.02 and Curation HP 0.28. These rewards are worth $3.85 at today's prices.

My 30 Day HIVE Rewards are Author HP 62.13, Author HBD 52.51 and Curation HP 15.34. These monthly rewards are worth $98.07 at today's prices.

This is an analysis of HIVE Power and HBD results only. I also get Hive-engine Tokens from Hive Blockchain as Author and Curation Rewards. In addition, I earns around $100 per month from Rising Star Game.

So, I can say that I am earning around $250 a month by using Hive Blockchain. $250 is almost 500,000 kyats in MMK. This income is more than double the salary of our basic salaried employees in Myanmar.

So, I happily use Hive Blockchain on a daily basis.

Thank you for everything.

Tin Aung Soe

[Burmese] မင်္ဂလာပါ မိတ်ဆွေတို့ရေ။

ယနေ့ HIVE Price သည် Cent 60 နီးပါးထိ ကျဆင်းသွားခဲ့ပါတယ်။ HIVE price ကျဆင်းခြင်းသည် ကျွန်တော့်အတွက်တော့ စိတ်ခံစားမှု မထူးခြားပါ။ HIVE price ကျဆင်းခြင်းသည် Blockchain ပေါ်မှာ Upvote Value ကျဆင်းစေသောကြောင့် Author and Curation Rewards လျော့ကျစေပါသည်။ သို့ဖြစ်သောကြောင့် Upvote Value Cent လောက်သာ ရရှိသော Content creators နှင့် HIVE Power အနည်းငယ်သာ ရှိသော Users အတွက် HIVE price ကျဆင်းခြင်းသည် စိတ်ဓာတ်ကျစေနိုင်ပါသည်။ ဤသို့ဆိုပေမယ့် ကျွန်တော်သည် Upvote Value များစွာ ရရှိနေသော၊ HIVE Power များစွာ ရှိ‌နေသော Content Creator HIVE User တစ်ယောက်တော့လည်း မဟုတ်ပါ။ ကျွန်တော်သည်ကား Hive Blockchain ပေါ်မှာ ကျွန်တော် တတ်နိုင်စွမ်းသည်ကိုသာ ပုံမှန် လုပ်ဆောင်နေသော Crypto စုဆောင်းနေသူ တစ်ယောက်သာ ဖြစ်ပါသည်။

ယနေ့မှာတော့ ကျွန်တော်သည် HIVE price ကျဆင်းနေချိန်မှာ ကျွန်တော်၏ HIVE Rewards အခြေအနေကို hivestats.io မှာ လေ့လာဆန်းစစ်ကြည့်ခဲ့ပါသည်။ ယနေ့ တစ်ရက်စာ အတွက် ကျွန်တော်၏ HIVE Rewards မှာ Author HP 2.83 , Author HBD 2.02 and Curation HP 0.28 ဖြစ်ပါသည်။ ၎င်း Rewards ကို ယနေ့ ဈေးနှုန်းများဖြင့် တွက်ကြည့်ပါလျှင် $3.85 တန်ဖိုးရှိပါသည်။

ကျွန်တော်၏ ရက် ၃၀ HIVE Rewards မှာ Author HP 62.13 , Author HBD 52.51 and Curation HP 15.34 ဖြစ်ပါသည်။ ၎င်း တစ်လစာ Rewards ကို ယနေ့ ဈေးနှုန်းများဖြင့် တွက်ချက်ကြည့်လျှင် $98.07 တန်ဖိုး ရှိပါသည်။

ဤသည်မှာ HIVE Power and HBD ရလဒ်များကိုသာ ဆန်းစစ်ကြည့်ခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် Hive Blockchain မှ Hive-engine Tokens ကိုလည်း Author and Curation Rewards အဖြစ် ရရှိနေပါသေးသည်။ ထို့အပြင် Rising Star Game မှလည်း လစဉ် $100 ဝန်းကျင် ရရှိနေပါသည်။

သို့ဖြစ်၍ ကျွန်တော်သည် Hive Blockchain ကို အသုံးပြု လုပ်ဆောင်နေခြင်းဖြင့် တစ်လလျှင် $250 ဝန်းကျင် ဝင်ငွေ ရရှိနေသည်ဟု ဆိုနိုင်ပါသည်။ $250 သည် MMK ဖြင့် 500000 ကျပ် နီးပါးမျှ ဖြစ်ပါသည်။ ဤဝင်ငွေ သည် ကျွန်တော်တို့ မြန်မာနိုင်ငံမှ အခြေခံ လခစားဝန်ထမ်းများ၏ လစာ ထက် နှစ်ဆကျော် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်သည် Hive Blockchain ကို ‌ပျော်ရွှင်စွာ နေ့စဉ် အသုံးပြုဖြစ်နေပါတော့သည်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။

တင်အောင်စိုး