Free Airdrop Giveway Gaming မှသည် Blogging ဆီသို့ ကျွန်တော်၏ Crypto လမ်းကြောင်း
အနာဂတ် Financial မျှော်မှန်းချက် နှင့် Currency ခေတ် အပြောင်းအလဲ အခြေအနေကြောင့် ကျွန်တော်ဟာ Crypto World ထဲ ရောက်လာခဲ့ပါတယ်။
ကျွန်တော် Bitcoin, ETH အစရှိသော Crypto တွေကို ကြားသိခဲ့တာ ၃ နှစ်ကျော် ရှိခဲ့ပါပြီ။
Crypto knowledge ကျွမ်းကျင်မှု မရှိခြင်း နှင့် ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မရှိခြင်းကြောင့် ဘာမှ မထူးခြားခဲ့ပါဘူး။
သို့ဖြစ်၍ Free ရနိုင်သော Airdrop တွေ၊ Bounties တွေ၊ Spin Games တွေ၊ Give Ways တွေ၊ Mining တွေ စသဖြင့် လိုက်လုပ်ရင်း Crypto အချို့ကို စုဆောင်းခဲ့ပါတယ်။
ထိုမှ ရရှိခဲ့သော Crypto အချို့ကို ရောင်း၍ မိမိ လိုအပ်သော ပစ္စည်း အချို့ ဝယ်နိုင်ခဲ့သောကြောင့် Crypto ရှာယူဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။
Internet websites များထဲမှ ကိုင်တွယ်လို့ မရသော Crypto ဟာ တကယ် အသုံးပြုလို့ ရမှန်း သိလာရခြင်း နှင့် လူပေါင်းများစွာ ဤလောကမှာ ကျင်လည်နေကြတာကို တွေ့သိလာရသောအခါ Cryptocurrencies ဖြင့် မိမိ ဘဝ ရပ်တည်နိုင်အောင် လုပ်ဆောင်ချင်စိတ်များ ဖြစ်ပေါ်မိပါတယ်။
ထိုမှ မိမိတို့ သိရှိသော အကြောင်းအရာ ပေါင်းစုံကို မျှဝေခြင်းဖြင့် Social media အသုံးပြုသလိုကနေ Crypto ဝင်ငွေ ရရှိနိုင်ကြောင်း သိရှိရသောအခါ အတိုင်းမသိ ဝမ်းသာမိပါတယ်။
သို့သော် Crypto knowledge and English Skill ကျွမ်းကျင်မှု မရှိသော မိမိသည် LeoFinance and HIVE Decentralised Blockchain ပေါ်မှာ ရေရှည် ရပ်တည်နိုင်ဖို့ အတွက် အချိန်များစွာ ပေးကာ ခက်ခက်ခဲခဲ ကြိုးစားရပေဦး မည်။
ကျွန်တော်သည် LeoFinance ကနေ စတင် ဝင်ရောက်လာသော HIVE Decentralised Blockchain အသုံးပြုသူ အသစ်ကလေးသာ ဖြစ်ပါသည်။
LeoFinance တွင် LEO token ရရှိနိုင်ပြီး၊ ၎င်း LEO ကို
Leodex မှာ HIVE ဖြင့် ရောင်းဝယ်နိုင်သည် သာမက Metamask မှာ ETH အဖြစ် လဲယူနိုင်ပါသည်။
ထို့အပြင် LEO မှ WLEO အဖြစ် လဲလှယ်ပြီး Uniswap Liquidity Providing အဖြစ် ထားနိုင်သလို ETH အဖြစ်လည်း လဲလှယ်နိုင်ပါသည်။
ဤသည်ကား ကျွန်တော် သိသော LeoFinance အကြောင်း အကျဉ်းမျှသာ ဖြစ်ပါသည်။
ထို့အပြင် HIVE Blockchain တွင် LEO ကဲ့သို့သော Second Layer Tokens များစွာ ရှိပါသေးသည်။
၎င်း Tribe Tokens များ အကြောင်းကို ကျွန်တော် တိတိကျကျ မသိရှိသေးပါ။
PAL, NEOXAG, CTP စသော Tokens များကို palnet, neoxian, ctp tags များ တွဲ၍ ရယူနိုင်သည်ဟု သိထားပါသည်။
အချို့ Tribe Tokens များကို Game playing ဖြင့် ရရှိနိုင်သလို အချို့ကိုတော့ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရယူနိုင်သည်ဟု အနည်းငယ် သိထားခဲ့ပါတယ်။
Tribe Tokens များ၏ အလုံးစုံ အကြောင်းကို သိရှိဖို့က မလွယ်က ူသလို အချိန်များစွာ ပေးရပေဦးမည်။ ယခုသော်ကား အခြားသူများ၏ Posts များကို ဖတ်ခြင်းဖြင့် အချိန် အတော်ကုန်နေပါတော့သည်။
မိတ်ဆွေတို့ရော ဘယ်လို လုပ်ဆောင်နေကြပါသလဲ။
This post was written by Burmese Language of My Crypto Pathway From Free Airdrop, Giveway, Gaming To Blogging.
I just intend this post to read Myanmar users.
If you have not downloaded Dapplr App, You can download Dapplr App by using below my referral link.
https://app.dapplr.in/DLM7Sv4uQT8k5V4k6
Thank for all ...
Tin Aung Soe
Posted using Dapplr