Posts

Staking And Holding ဖြင့် Crypto ပိုရှာဖို့ လုပ်ဆောင်ချက်များ

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
1 min read

Hey Friends ... Have a great day!

Knowledge Is Power. တဲ့။ Crypto and Forex Trading ပညာ ဗဟုသုတ သာ ရှိခဲ့လျှင် Crypto and Finance အကြောင်းအရာ မျှဝေရသော LeoFinance မှာ Post and Comment လုပ်ဆောင်ရတာ လွယ်ကူပါလိမ့်မည်။
လွယ်ကူသလို အကျိုးအမြတ်လည်း ရပါလိမ့်မည်။

လွန်ခဲ့သော 6 weeks ကျော်မှ LeoFinance ပေါ် ရောက်ရှိလာခဲ့သော ကျွန်တော်မှာ Crypto and Forex Trading အကြောင်း ကြားဖူးနားဝသာ ရှိပါသည်။ ဤမှ စလို့ လေ့လာနေဆဲ သူတစ်ယောက်သာ ဖြစ်ပါသည်။

ထိုအခါ ကျွန်တော်သည် မိတ်ဆွေများ၏ Post များကို
ဖတ်ရှုကာ သိလိုသည်များ မေးမြန်းနေရပါသည်။ ပြန်လည် ဖြေကြားပေးသူများကို ကျေးဇူးတင်ပါတယ်။

HIVE Blockchain မှာ Community များစွာ၏ Tribe Tokens မျိုးစုံ ရှိပါသည်။ HIVE and LEO ရှာယူနေခြင်းဖြင့် တစ်ပါတည်း အခြား Tribe Tokens များကို ရနိုင်သမျှ ရအောင်လည်း
ဆောင်ရွက်နေရပါသည်။


PAL and NEOXAG ကိုတော့ Tag တွဲခြင်းဖြင့်
အတော်အသင့် ရနေပါပြီ။
၎င်းရထားသော PAL and NEOXAG တို့ကို Staking လုပ်ခြင်းဖြင့် ပိုမို ရရှိစေရန် စုဆောင်းထားပါတယ်။

LeoFinance တွင် LBI Token အကြောင်း တွေ့ရှိရသောကြောင့် LBI မှ အကျိုးအမြတ် ရနိုင်ရန် လေ့လာမိခဲ့ပါတယ်။
LBI မှ LEO reward နှင့် အမြတ်ဝေစု ရရှိစေရန်မှာ
LEO အား @lbi-token သို့ လွှဲကာ LBI ကို တိုက်ရိုက် ဝယ်ယူ ကိုင်ထားရမည်ဟု ဆိုပါသည်။ သို့ဖြစ်၍ LEO ဝယ်ဖို့ လိုလာပါသည်။ ဒါနဲ့ပဲ LEO 20 ကို 1.9 HIVE ဈေးနှုန်းဖြင့် အဝယ် တင်ထားပါတယ်။

BRO Token ကိုင်ဆောင်ထားလျှင် အခြားသော Tribe Tokens များကို အမြတ်ဝေစုများ အဖြစ် ပေးနေသည်ကိုလည်း တွေ့သိခဲ့ရပါတယ်။ ထို့ကြောင့် BRO 10 ကို 6 HIVE ဈေးနှုန်းဖြင့် leodex.io မှာ အဝယ် တင်ထားပါတယ်။

ဤသည်မှာ LeoFinance ပေါ်၌ စမ်းတဝါးဝါး ကြိုးစား လျှောက်လှမ်းနေသော သူတစ်ယောက်၏ လုပ်ဆောင်ချက်များသာ ဖြစ်ပါသည်။

မိတ်ဆွေတို့ရော ဘယ်လို စပြီး လုပ်ဆောင်ခဲ့ကြပါသလဲ။

မိတ်ဆွေတို့၏ HIVE နှင့် LeoFinance မှာ အစဦး ဆောင်ရွက်ခဲ့မှုများကို သိပါရစေလားဗျာ။

This post is writing by Burmese Language of More Earning By Staking And Holding .

If you have not downloaded Dapplr App, You can download Dapplr App by using below my referral link.

https://app.dapplr.in/DLM7Sv4uQT8k5V4k6

Posted using Dapplr