Posts

I Still Have To Make Money And Cryptocurrencies

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
2 min read

I aimed to collect crypto while doing my best for future financial freedom on LeoFinance and HIVE Blockchain. That's why I go online whenever I have time. But my hands and eyes are all about Facebook. Myanmar's politics; Business; Human rights are very ugly. Terrorist attacks by the military have exacerbated the situation. Among the inhumane acts of the terrorist army, the burning of Markets, villages and the burning of food in search of refugees are serious.

Helicopter bombing Image source

The burning of whole village
Image source In this situation, I can't able to earn money, Online earning Crypto peacefully. My mind was restless. I worry about when the war refugees will reach to my family.

Refugee Children Image source

But, it is not without income. If I can earn a living every day, I will be able to provide for my family. Only my surplus income can help those in need.

Refugee Food and rices destroyed by Terrorist Image source

Refugees need medicine and food. So I still have to make money.

Tin Aung Soe

[Burmese] အနာဂတ်ငွေကြေးလွတ်မြောက်မှု အတွက် LeoFinance and HIVE Blockchain မှာ
မိမိ လုပ်နိုင်သမျှ လုပ်ဆောင်ရင်း Crypto စုဆောင်းရန် စိတ်ကူးရည်းမှန်းထားသည်။ သို့ကြောင့်လည်း အချိန် ရရင် ရသလို Online ပေါ် တက်ဖြစ်သည်။ သို့သော် လက်နှင့်မျက်စိသည်ကား Facebook ဆီပဲ ရောက်ရောက်နေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးများက အကြည်းတန်အရုပ်ဆိုးနေသည်။ အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထု အပေါ် ညှင်းပန်းနှိပ်စက်ရန်ပြုမှုများက ပိုဆိုးလာသည်။ အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များထဲမှ ဈေးများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း နှင့် စစ်ဘေးရှောင်သူများကို ရန်ရှာကာ စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခြင်းများသည် ဆိုးဝါးလှသည်။

စစ်ရဟတ်ယဉ်ဖြင့် ဗုံးကျဲ https://www.facebook.com/groups/182927877072625/permalink/193917452640334/ ကင်းမရွာလုံးကျွတ်မီး‌ရှို့ခံရမှု https://m.facebook.com/story.php?story_fbid=969701643847729&id=100024237074984 ဤသို့သော အခြေအနေတွင် ကျွန်တော်တစ်ယောက် Online earning Crypto ငွေရှာခြင်းကို အေးချမ်းစွာ ဆောင်ရွက်နိုင်စွမ်းမရှိပါ။ ကျွန်တော်၏ စိတ်တို့သည်ကား မအေးချမ်း၊မငြိမ်သက်နိုင် ဖြစ်နေရသည်။ စစ်ဘေးဒုက္ခသည် မည်သည့်အချိန်မှာ မိမိတို့မိသားစုဆီ ရောက်လာလေမလဲ တွေးပူရသည်။

စစ်ဘေးရှောင်ကလေးငယ်များ https://www.facebook.com/groups/1444580339185018/permalink/2616905781952462/ သို့သော် ဝင်ငွေ မရှိလျင်လည်း မဖြစ်ပါ။ ကျွန်တော်တစ်ယောက် နေ့စဉ် ဝင်ငွေ ရှာဖွေစုဆောင်းနိုင်မှ ကျွန်တော်၏မိသားစု အတွက် စားဝတ်နေရေး ပြေလည်နိုင်မည်။ ကျွန်တော်၏ ဝင်ငွေ ပိုလျှံမှသာလျှင် ဒုက္ခတွေ့ကြုံနေကြသူတွေကို ကူညီနိုင်မည်။

စစ်ဘေးရှောင်စားနပ်ရိက္ခာများ ဖျက်ဆီးခံရ https://www.facebook.com/groups/1444580339185018/permalink/2614314008878306/ ကျွန်တော်တို့၏ စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးနှင့်စားစရာသည် အဓိကလိုအပ်လျက်ရှိသည်။
သို့ဖြစ်၍ ကျွန်တော် ငွေရှာနေရဦးမည်။

တင်အောင်စိုး

#hearthevoiceofmyanmar #weneeddemocracy #weneedjustice #weneedpeace #weneedhelp #rejectmilitarycoup #whatishappeninginmyanmar