Posts

ကျွန်တော်၏ အကျိုးမြတ်ရခဲ့သော ရောင်းဝယ်ခြင်း နှင့် HIVE/ LEO မှာ ရင်းနှီးဖို့ စိတ်ကူး

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
1 min read

Hey Friends ... Have a nice day!

လွန်ခဲ့သော ၁၀ ရက်ကျော်လောက်က 4 BNB ကျော်လောက် ကို ၂၈ USDT$ လောက်ဖြင့် ဝယ်ခဲ့ပါတယ်။ ၎င်း 4 BNB ကျော်လောက်ကို HARD ရရှိစေရန် Binance Launchpad မှာ Staking လုပ်ထား ခဲ့ပါတယ်။

မနေ့ကတော့ BNB ဈေး 29 USDT$ လောက် ရောက်တာနဲ့ 2 BNB ကျော်လောက်ကို Stake ရာမှ Redeem လုပ်ပြီး
ရောင်းချခဲ့ပါတယ်။ ဒီနေ့လည်း BNB ဈေး 30 USDT$ ရောက်လာတာနဲ့ ကျန်တဲ့ 2 BNB ကျော်လောက်ကို Redeem ထပ်လုပ်ကာ ရောင်းချခဲ့ပါတယ်။ သို့ဖြစ်၍ ၁၀ ရက် အတွင်းမှာ BNB/USDT Trading လုပ်ရာမှ 6 USDT$ လောက် အကျိုးအမြတ် ရရှိခဲ့ပါတယ်။

ကျွန်တော်သည် Trading ပညာကို ကောင်းကောင်း မတတ်ပါ။ သို့ဖြစ်၍ BNB ကဲ့သို့သော ဈေး အလတ်တန်းစား ရှိသည့် နာမည်ရှိပြီးသား Coin အချို့ကို ကျဈေးမှာ ဝယ်ယူ၍ တက်ဈေး စောင့်ကာ ရောင်းချလေ့ ရှိပါသည်။ ကျွန်တော်၏ ရောင်းဝယ်ခြင်း နည်းစနစ်မှာ ငွေပမာဏ အနည်းငယ် နှင့် အချိန် တို့ကို ရင်းနှီးမြှုပ်နှံကာ ဈေးကွက် စောင့်ကြည့် ရောင်းဝယ်ခြင်း သာ ဖြစ်ပါသည်။

ယခု လောလောဆယ်၌ ကျွန်တော်သည် LeoFinance
မှ အစပြု၍ HIVE Decentralised Blockchain
မှာ အချိန်ပေးရ၍ Cryptocurrency ငွေရှာရခြင်းကို သဘောကျနေမိပါတယ်။ သို့ဖြစ်၍ LeoFinance and HIVE Decentralised Blockchain မှာ တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံဖို့
စိတ်ကူးရှိနေပါတယ်။

အကယ်၍များ ကျွန်တော်၏ စိတ်ကူးစိတ်သန်းသည် မှန်ကန်ပြီး LEO and HIVE ဈေးများ 1$ ကျော်လာခဲ့သည် ရှိသော် ကျွန်တော်၏ မိသားစု စားဝတ်နေရေး ကုန်ကျစရိတ်များ အပြင် အနာဂတ် ငွေပင်ငွေရင်း စုဆောင်းမိနိုင်လိမ့်မည်ဟု မျှော်လင့် ကြည်နူးနေမိပါတော့သည်။

This post is writing by Burmese Language of My Benefited Trading And Idea For LEO/HIVE Investment .

In HIVE platform, I have known Users who they write and post by Burmese Language. So, I intend them to read.

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး