Posts

LEO က လ ဆီ ပျံသန်းနေပြီ! ကျွန်တော် ဘာလုပ်ရလေမလဲ။

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
1 min read

Good morning Friends!

ကျွန်တော် LeoFinance နှင့် HIVE Decentralised Blockchain တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ကူးတစ်ခု ရှိခဲ့ပါတယ်။ ထို့ကြောင့် ကျွန်ုပ်၏ ပိုင်ဆိုင်မှု အချို့ကို Binance မှ
HIVE Blockchain သို့ ပြောင်းလဲရန် စီစဉ်‌နေခဲ့ပါတယ်။ ကျွန်တော့်မှာ 28$ ဈေးဖြင့် ဝယ်ခဲ့တဲ့ 4 BNB ရှိခဲ့တယ်။ ဒါကြောင့် USDT $ 30 ဖြင့် BNB တွေကို ရောင်းဖို့
ကျွန်တော် စိတ်ကူးထားခဲ့တယ်။ မနေ့က BNB ဈေးဟာ USDT ဒေါ်လာ 30 အထက်
ဖြစ်တဲ့အခါ BNB ၄ ခုလုံးကို ရောင်းလိုက်ရတယ်။

အဲဒီနောက်မှာတော့ HIVE အတွက် 0.123 USDT$ ဖြင့် ဝယ်ဖို့ Order ကို တင်ထားလိုက်တယ်။ မနေ့က မနက်မှာ‌တော့ HIVE 1135 ကို ကျွန်တော် ဝယ်နိုင်ခဲ့ပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာ ကျွန်တော်ဟာ leodex.io ကို ဖွင့်၍ စျေးကွက်အခြေအနေကို ကြည့်သောအခါ LEO သည် 1.86 HIVE ဖြင့် 0.237 $ ဖြင့် နောက်ဆုံး ရောင်းဝယ်ထားတာ တွေ့မြင်ခဲ့ပါသည်။ ဒီနေ့မနက် hivestats.io မှာတော့ HIVE စျေးက 0.131 $ ၊ LEO စျေးက 0.261$ ဖြစ်ခဲ့တယ်။
1 LEO သည် HIVE ၂ဆ နှင့်ညီသည်ဟု ဆိုနိုင်ပါတယ်။

WoW ... ဒါကို ကြည့်မိတော့ ကျွန်တော် LEO ၀ယ်ဖို့ နောက်ကျနေပါပြီ ! LEO is flying to the Moon. LEO က လ ဆီသို့ ပျံသန်းနေပါပြီ။

တကယ်တော့ ကျွန်‌တော် လေ့လာခဲ့သည့် HIVE Power Up
Day 1st December မှာ HIVE Power Up ပြီး ပြိုင်ပွဲဝင်ဖို့ စီစဉ်ထားတာကြောင့် LEO ဝယ်ဖို့ အချိန်ဆွဲသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒါ ကျွန်တော့် အမှားလားဗျာ။

အခု LEO အမြင့်သို့ ပြေးနေတာကို ကျွန်တော် ကြည့်ရုံပဲ ကြည့်နေရမလား။ မိတ်ဆွေတို့ ဘယ်လို ထင်‌ကြေးပေးကြမလဲ။

This post is writing by Burmese Language. This is similar with the post LEO Is Flying Up To The Moon! What Should I Do? .

အားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး