Posts

LeoFinance and HIVE Decentralised Blockchain ပေါ်မှာ တစ်လတာ ဖြတ်သန်းမှု ရလဒ်များ

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
2 min read

Good morning all friends ... Have a great day!

ကျွန်တော်၏ အနာဂတ် ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုသို့
သွားတဲ့ ခရီးအဖြစ် LeoFinance နှင့် HIVE Decentralised Blockchain အပေါ် မှာ လုပ်ဆောင် ဖြတ်သန်းနေတာ တစ်လကျော် ရှိခဲ့ပါပြီ။ ကျွန်ုပ်သည် တစ်လအတွင်းမှာ Blogs (25) ခု၊ Comments 300 ကျော်နှင့် Replies 300 ကျော် တင်ခဲ့ပါသည်။ ၎င်းသည် HiveBuzz အပေါ်အခြေခံပြီး ပြောပါသည် ။ ဒီပလက်ဖောင်းပေါ်ရှိ ကျွန်ုပ်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ မိတ်ဆွေတို့ မည်သို့ ထင်ပါသနည်း။

မနေ့က ကျွန်တော် HiveStats.io ကို ဖွင့်ပြီး ကျွန်တော့် အကောင့်ရဲ့ စာရင်းအင်းအချက်အလက် ဆန်းစစ်ချက်များကို ကြည့်လိုက်တော့ Last 30 DaysRewards မှ အချက်အလက်များကို တွေ့ခဲ့လိုက်ရတယ် ။

ပထမဦးစွာ ကျွန်ုပ်၏ ရက် ၃၀ အတွင်း LEO Rewards များကို အောက်တွင်ပြထားသော ဇယားကို အခြေခံ၍ ဖော်ပြလိုပါသည်။

column1column2column3column4column5column6
RewardsHIVELEOUSDCuration USDAuthor USD
Last 30 days646.18322.4084.921.1083.82

ကျွန်တော် LeoFinance မှာ Post, Comment စသည် လုပ်ဆောင်ခြင်းအားဖြင့် ရက်ပေါင်း 30 အတွင်း 322.40 LEO ရခဲ့ပြီ။ ဒါဟာ 84.92 USD$ တန်ဖိုးနှင့် ညီမျှပါတယ်။ ဒါက တစ်နေ့လျှင် 2.83 $ နှုန်း ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂.၈၃ $ သည် ကျွန်ုပ်တစ်ဦးတည်း အတွက် နေ့စဉ် ကုန်ကျစရိတ်များ အနေဖြင့် လုံလောက်ပါသည်။ ဒါပေမယ့် ကျွန်တော် အဲ့ဒါကို အခုပဲ သုံးပစ်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်၏ အနာဂတ် ငွေကြေး ရည်မှန်းချက် အတွက် စု‌ဆောင်းခြင်း အဖြစ် ပြန်လည်ရင်းနှီးမြှုပ်နှံထားပါမည်။

ဒုတိယအချက်မှာ HiveStats.io ၏အချက်အလက်များအပေါ် အခြေခံ၍ ရက် ၃၀ အတွင်း ကျွန်ုပ်၏ HIVE ဆုလာဘ်များ ကို ထပ်မံ ဖော်ပြလိုပါသည်။

column1column2column3column4column5column6
RewardsCuration HPAuthor HPHiveHBDTotal USD
Last 30 days0.5345.930.005.6511.36

HIVE မှာ၊ Curation အတွက် 0.53 HP၊ စာရေးသူအတွက် 45.93 HP၊ HBD 5.65 ရခဲ့ပါတယ်။ ဒါဟာ 11.36 $ အမေရိကန်ဒေါ်လာ တန်ဖိုး ရှိပါတယ်။ ဒါက ကျွန်တော် ဘာမှ ထူးထူးခြားခြား လုပ်နေစရာမလိုဘဲ LeoFinance မှာ လုပ်ဆောင်နေရင်း ရတာပါပဲ။

ထို့အပြင် ကျွန်ုပ်တွင် အခြားတိုကင်များ ဖြစ်ကြသော PAL, NEOXAG, LIST နှင့် JAHM စသည်ဖြင့် တို့လည်း ရရှိခဲ့ပါသည်။

ဖွံ့ဖြိုးမှုနိမ့်သောနိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများတွင် တစ်လလျှင် ဝင်ငွေဒေါ်လာ 100$ သည် အခြေခံလူတန်းစားများ၏ ဝင်ငွေထက် ပိုနိုင်ပါသည်။

ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ အနာဂတ် ငွေကြေး ရည်မှန်းချက် သို့ သွားရာလမ်း၌ ပျော်မွေ့နေပါသည်။ တကယ်တော့ ကျွန်တော်က Cryptocurrencies နှင့် Blockchain အကြောင်းကို ကောင်းကောင်း မသိဘဲ ဤ platform ပေါ်တွင် လျှောက်လှမ်း‌နေခြင်း ဖြစ်ပါသည်။
ဒါပေမယ့် ကျွန်တော်ဟာ သင်ရင်းလုပ်၊ လုပ်ရင်းသင် စနစ်ကို ကျင့်သုံးကာ ဆောင်ရွက်နေပါတယ်။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက သင်လိုချင်တာ / လိုအပ်တာတွေကို သင် အနိုင်ရအောင် လုပ်ရမယ်ဆိုတာပဲ။
သင် ကျရှုံးလည်း သို့မဟုတ် အခက်အခဲပြဿနာတွေ ကြုံနေရလည်း နည်းလမ်းများ ရှာကြံကာ ဆက်လက် လုပ်ဆောင်ရပါမယ်။

သင် အမှန်တကယ် အကောင်းဆုံး ကြိုးစားကြည့်ပါက သင် အမှန်တကယ် ထိုက်တန်တဲ့ အောင်မြင်မှု ရပါလိမ့်မည်။

ကဲ မိတ်ဆွေတို့ ဘယ်လိုထင်မြင်ကြပါလဲ။

This post is writing by Burmese Language of One Month Transit Rewards On LeoFinance And HIVE Decentralised Blockchain .

အားလုံးကိုကျေးဇူးတင်ပါတယ်။

Tin Aung Soe