Posts

Staking နှင့် Learning ပိုလုပ်ဖို့ အချိန် ရောက်ပြီ

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
1 min read

ကျွန်တော် LeoFinance and HIVE Decentralised Blockchain ပေါ် လျှောက်လှမ်းနေတာ 7 weeks ပြည့်ပါတော့မယ်။

ကျွန်တော်၏ Posting, Commenting and Voting လုပ်ဆောင်ချက် အများစုမှာ LeoFinance မှ
Leo Recent Option ၌ သာလျှင် ဖြစ်ခဲ့ပါသည်။

သို့ဖြစ်၍ ဤ Blockchain ပေါ်က နယ်ပယ်အစုံကို မထိတွေ့ မသိရှိရသေးပါ။
ဤ Platform ပေါ်တွင် Leo ကဲ့သို့သော Tribe Tokens များစွာ ရှိကြတာကို သတိထားမိပါတယ်။ LeoFinance ပေါ်မှာ လုပ်ဆောင်ရင်း အခြား အကျိုးအမြတ် အဖြစ် အခြားသော Tribe Tokens ရရှိတာကိုလည်း သိမြင်မိပါတယ်။

ထို့ကြောင့် ၎င်း Tribe Tokens ပိုမို ရရှိအောင် လေ့လာသင့်သည် ဟု တွေးမြင်မိခဲ့ပါတယ်။ ထို့အတူ တစ်ပါတည်း ရရှိထားသော Tribe Tokens ကိုလည်း Staking လုပ်ထားသင့်ကြောင်း စိတ်ကူးရခဲ့ပါတယ်။

ဒါနဲ့ပဲ မနေ့ ညနေက leodex.io ထဲမှ Wallet option ကို ဝင်ကြည့်ဖြစ်ခဲ့ပါတယ်။
ထိုမှ LEO, PAL and NEOXAG Tokens များ ရထားသည်ကို Staking လုပ်ခဲ့ပါတယ်။

ထို့ကြောင့် ယခုအခါ leodex.io ထဲက Wallet ထဲမှာ LEO Power 553.36 , PAL Power 15.028 နှင့် NEOXAG Power 139.635 ရှိနေပါပြီ။

သို့ဖြစ်ပါ၍ HIVE Decentralised Blockchain ပေါ်တွင် တစ်ခါလုပ်တာဖြင့် အကျိုးအမြတ်မျိုးစုံ များစွာ ရရှိအောင် ၎င်း Tribe Tokens များ အကြောင်းကို ပိုမို လေ့လာဖို့ အချိန် ရောက်ပြီ ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။