Posts

State Of Myanmar Banks And LEO Staking

avatar of @tin.aung.soe
25
@tin.aung.soe
·
0 views
·
2 min read

Many people in Burma are facing economic and financial difficulties due to the military coup.

Due to the internet outage, online banking has been disrupted and people are withdrawing deposits from banks due to a lack of trust in the terrorist army. People do not deposit money and with only withdrawals, Myanmar's banking system is on the verge of collapse. If the central bank resolves this situation by issuing new cash, it will cause inflation and the Myanmar currency will depreciate sharply. In the three months since the military coup, the Burmese currency has depreciated by about 20%.

It is not wrong for people not to trust banks and not make deposits. Shouldn't banks be able to win the trust of the people? Otherwise, the dictator's newly appointed deputy central bank governor has said that it is the people's fault for withdrawing money if the banks collapse.

By the way, because I believe in LeoFinance ecosystem , I staked some of my Liquid LEO again this morning.

Now that I can use the Internet again, I still have to work on collecting HIVE and LEO. With the Internet cut off, I was left with changes and developments on the Hive Blockchain. Therefore, on LeoFinance and Hive Blockchain, would like to ask you to share new opportunities with me.

Thank you for everything.

Tin Aung Soe

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများစွာသည် စီးပွားရေးလုပ်ငန်းနှင့်ငွေကြေး အခက်အခဲများကို ရင်ဆိုင်နေရပါသည်။ Internet ဖြတ်တောက်မှုကြောင့် Online Banking စနစ် အခက်အခဲဖြစ်ခဲ့ခြင်း နှင့် အကြမ်းဖက်စစ်တပ် အပေါ် မယုံကြည်ခြင်းတို့ကြောင့် ပြည်သူတို့သည် ဘဏ်များမှ အပ်နှံငွေများကို ပြန်လည်ထုတ်ယူနေကြပါတယ်။ ပြည်သူများက ငွေအပ်နှံခြင်း မရှိဘဲ၊ ငွေထုတ်ယူခြင်းများသာ ရှိသောကြောင့် မြန်မာနိုင်ငံ၌ ဘဏ်စနစ် ပြိုလဲရန် တာစူနေပါပြီ။ ဤအခြေအနေကို နိုင်ငံတော်ဗဟိုဘဏ်မှ ငွေသားအသစ် ထပ်မံရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းလျှင် ငွေကြေးဖောင်းပွမှု ဖြစ်ကာ မြန်မာငွေဈေး ဆိုးဝါးစွာ ကျဆင်းသွားပါလိမ့်မည်။ ယခု စစ်အာဏာသိမ်းမှု ကာလ သုံးလအတွင်းမှာပင် မြန်မာ့ငွေဈေးသည် 20% ခန့် ကျဆင်းခဲ့ပါတယ်။

ပြည်သူများက ဘဏ်များကို မယုံကြည်ကြ၍ ငွေအပ်နှံခြင်းများ မပြုလုပ်ကြခြင်းမှာ အမှားအယွင်း မဟုတ်ပေ။ ပြည်သူများ၏ ယုံကြည်မှု ရအောင် ဘဏ်များက လုပ်ဆောင်နိုင်ရမည် မဟုတ်ပါလား။ ထိုသို့ မဟုတ်ပါဘဲ ဘဏ်များ ပြိုလဲလျှင် ငွေထုတ်ယူကြသော ပြည်သူများ၏ အပစ်သာ ဖြစ်သည်ဟု စစ်အာဏာရှင်၏ အသစ်ခန့်ထားသော ဗဟိုဘဏ် ဒုဥက္ကဌ၏ စကားမှာ ဆိုးယုတ်လှပေသည်။

ထိုနည်းဖြင့် မတူစွာ ကျွန်တော်ကတော့ LeoFinance ၏ Ecosystem ကို ယုံကြည်ပါသောကြောင့် ကျွန်တော်၏ Liquid LEO အချို့ကို ဒီမနက်မှာ ထပ်မံ Staking လုပ်ခဲ့ပါတယ်။

ယခုအခါ ကျွန်တော်သည် Internet ပြန်လည် အသုံးပြုနိုင်နေပြီ ဖြစ်သောကြောင့် HIVE and LEO စုဆောင်းနိုင်ရန် ကြိုးစားရပေဦးမည်။ Internet ဖြတ်တောက်ခံရခြင်းကြောင့် Hive Blockchain ပေါ်က အပြောင်းအလဲနှင့် တိုးတက်ဖြစ်ထွန်းမှုများ၌ ကျွန်တော် ကျန်နေခဲ့ပါတယ်။ ထို့ကြောင့် LeoFinance and Hive Blockchain မှ အခွင့်အလမ်းသစ်များကို ကျွန်တော့်အား ပြန်လည်မျှဝေပေးကြပါရန် တောင်းဆိုအပ်ပါသည်။

အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ်။

တင်အောင်စိုး