Posts

Today freewrite 8/8/2019

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

ဒီနေ့က မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံ ဖြစ်ခဲ့တာ ၂၁ နှစ် ပြည့်ပဲ ဖြစ်ပါတယ်။ ရင်နာ စရာ အတိတ်ကို ပြန်ပြောပြ မနေချင်တော့ပါဘူး။ ဒါပေမဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတို့ ဘယ်နေရာမှာတော့ ရေကန်တွေကို အဆိပ်ခတ် လိုက်ပြန်ပြီတို့ ဘယ်နေရာမှာတော့ ခေါင်းဖြတ် သတ်လိုက်ပြန်ပြီ။ ဂိုထောင်တွေကို ဖောက်လိုက်ပြန်ပြီတို့။ တိုင်းပြည်ချောက်ထဲ ကျရန် လက်တစ်လုံးအလို တို့ စတာတွေကိုတော့ သတိထားရ ဦးမှာ ဖြစ်ပါတယ်။ အခုခေတ်က ဆက်သွယ်ရေးတွေက ကောင်းနေတော့ ဘယ်နေရာမှာ ဘာဖြစ်နေသလဲ ဆိုတာကို တန်းသိနိုင်ပါတယ်။ အရင်ခေတ်တုန်းကလို သတင်းအတုတွေနဲ့ အကွက်ဆင်လို့တော့ မရတော့ပါဘူး။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် သတင်း တစ်ခုရတာနဲ့ သွေးဆူမသွား ဖို့တော့လိုပါတယ်။ သတိထားတယ်ဆိုတာ ပိုတယ်လို့ မရှိပါဘူး။