Posts

Wall Decor Idea Using Paper Step by Step

avatar of @asterkame
25
@asterkame
·
0 views
·
1 min read

ဒီတစ်ခုကိုလည်းနံရံအလှဆင်အတွက်ပြုလုပ်ထားတာပါ။ကတော့ပုံစံဖြစ်အောင်ကတ်ထူကိုဖြတ်ပြီး၊ကတ်ထူပေါ်မှာကတော့ပုံကတ်ထူရဲ့အတိုင်းအတာအတိုင်းဝိုက်၍ဖြတ်ထားတဲ့ကတ်ထူအပိုင်းလေးတွေပြုလုပ်လိုက်ပါတယ်။ထိုအပိုင်းလေးတွေကိုညီညာစွာစီပြီး၊ကော်ကပ်ထားပါတယ်။ပြီးတော့အနီရောင်ဆေးခြယ်လိုက်ပါတယ်။ဒီနံရံအလှဆင်ကိုတော့ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြုပြီးပြုလုပ်ထားပါတယ်။ပန်းပွင့်လေးတွေကိုလည်းစက်ဝိုင်းပုံစာရွက်တွေကိုဖြတ်ပြီးပြုလုပ်ထားတာပါ။အဝါ၊အပြာ၊အနီရောင်စက်ဝိုင်းပုံလေးတွေဖြတ်ရမှာပါ။အရွယ်အစားတော့မတူရပါ။ထိုစက်ဝိုင်းပုံစာရွက် တွေကိုပုံပြထားတဲ့အတိုင်းသုံးခုစီကော်ကပ်ပါတယ်။ပြီးနောက်အလယ်မှခေါက်ချိုးပါတယ်။ပန်းတစ်ပွင့်မှာထိုစက္ကူခေါက်လိုမျိုးသုံးခုလိုအပ်ပါတယ်။စက္ကူခေါက်သုံးခုကိုစီ၍အလယ်မှကလစ်ဖြင့်ညှပ်ပြီးပန်းပွင့်ပုံပြုလုပ်လိုက်ပါတယ်။ပန်းပွင့်လေးပွင့်ပြုလုပ်မှာပါ။

ပြီးနောက်အစိမ်းရောင်စာရွက်ကိုတွန့်ခေါက်ပြီး၊အလယ်မှခေါက်ချိုး၍၊အစိမ်းရောင်ပန်းပွင့်ပြုလုပ်ပြီး၊ခုနကပြုလုပ်ပြီးတဲ့ပန်းပွင့်နဲ့ကော်ကပ်ပါတယ်။အခြားစက္ကူအပိုင်းတစ်ခုဖြင့်ပန်းပွင့်နဲ့ဆက်၍ကော်ကပ်လိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက ်ကိုအနားတွေမှာအပိုင်းငယ်များဖြတ်ပြီး၊ပေတံဖြင့်ခေါက်၍ထိုအရွက်များကိုပုံပြထားတဲ့အတိုင်းကော်ကပ်ပါတယ်။ဆက်လက်ပြီးပန်းပွင့်များဖြင့်အလှဆင်ပါတယ်။

Written by @asterkame By my photos & made by me