Home Stay (Chapter 135)
စစ်တွေမှာ covid လူနာဦးရေက ထပ်တိုးလာသည် ဆို၏။ ဒီနေ့ မနက် (၈) နာရီ ထုတ်ပြန်ချက်များ အရ လူနာဦးရေ (၁၀) ဦး ထပ်တိုးလာခဲ့၏။ ထူးခြားမှုက (၁၀) ယောက်လုံး စစ်တွေ မဟုတ်ဘဲ (၉) ယောက်က စစ်တွေက ဖြစ်ပြီး၊ ကျန်တယောက်မှာ မြောက်ဦးမြို့မှ ဖြစ်၏။ မြို့ကျော်တွေ တွေ့လာရပြီ ဖြစ်၏။ ဒုတိယ လှိုင်း စလာနိုင်၏။ လှိုင်း မကြီးလာခင် ထိန်းထားနိုင်ဖို့ လို၏။ ကျနော်တို့ လူသားတွေကလည်း ခက်သားရယ်။ ခု ရောဂါ ပြန်လည် စတင်လာသည့် ပုံစံက ခရီးထွက် (အလည်ခရီးစဉ်) ခ ြင်းကနေ စတင်ခြင်း ဖြစ်သည်ဟု သိရ၏။
ရောဂါ ခဏ ငြိမ်သွားသည့် အချိန်မှာ လုံး၀ ပျောက်သွားသည့် ပုံစံ၊ အထင်နှင့် ခရီးဝေး သွားခြင်းများကို လုပ်ကြ၏။ stay home နေခဲ့ရတာလည်း အတော်လေး ကြာနေခဲ့တော့ လူတွေလည်း ပျင်း၊ စိတ်တွေလည်း ညစ်ညူးလို့ ခရီးထွက်လိုကြခြင်း၊ ခရီးထွက်ကြခြင်း ဖြစ်၏။ မထွက်နှင့် မပြောပါဘူး သွားပါ၊ ထွက်ပါ။ သို့ပေမယ့် ရောဂါ အရှင်း မပျောက်သေးသည့် ခုလို အချိန်မျိုးမှာတော့ ဆင်ခြင်သင့်၏။ covid က လုံး၀ အမြစ်ပြတ် ပျောက်သွားခြင်းမျိုး မဟုတ်သေးဘူး မလား။ သတိထား ဆင်ခြင်သင့်၏။
ခုတော့ (၃)၊ (၄) ရက် အပျော်ခရီးစဉ်က လူအများကြီးကို မပျော် မရွှင် ဖြစ်စေတော့၏။ ပြည်တွင်းကူးစက်မှုဆိုတော့ ဖြစ်နေသည့် မြို့တင် မဟုတ်ဘဲ အခြား မကူးစက်သေးသည့် မြို့၊ ရွာ၊ နေရာများမှ လူအများလည်း စိုးရိမ် ထိတ်လန့် နေရ၏။ အဘယ်ကြောင့်ဆိုသော် ရောဂါ ကူးစက်ခံလိုက်ရသူသည် အခြား မည်သူတ ို့ လူဦးရေ မည်မျှနှင့် ထိစပ်ခဲ့သည်ဆိုတာက စကားပြောသည် မဟုတ်လား။ ခုပဲ စစ်တွေကနေ မြောက်ဦးတွေ ပါလာခဲ့ပြီ ဖြစ်၏။ အသွားအလာ ကန့်သတ်၊ စောင့်ကြည့်ထားသည်ဟုတော့ ပြော၏။ ထပ် မတိုးလာဖို့ပဲ မျှော်လင့် ဆုတောင်းနေရ၏။
ခုပဲ ကျနော်တို့ တောင်ကြီး group ထဲမှာ ပိုစ့်တခု တက်လာခဲ့၏။ အဆိုပါ စစ်တွေက လူနာနှင့် ထိတွေ့မှု (လေယာဉ် တစီးထဲ စီးခဲ့သူ) တောင်ကြီး ရောက်နေသည် ဆို၏။ Company ဝန်ထမ်းတဦး ဖြစ်သည်ဟု ဆို၏။ အလုပ်ကိစ္စနှင့်လား သို့မဟုတ် အလည်အပတ် သက်သက် လားရယ်တော့ မသိပေ။ ထို့ထက် ပိုဆိုးသည်က သူပါ ရောဂါပိုး ကူးစက်ခံထားရလား မခံထားရလားက သေချာ မသိရသေးပေ။ သက်ဆိုင် ကျန်းမာရေး ဝန်ထမ်းတွေကတော့ သူ တည်းခိုနေသည့် ဟိုတယ်ကနေ သတ်မှတ်ထားသည့် Q center သို့ ခေါ်ဆောင်သွားကြပြီ ဆို၏။
ဓါတ်ခွဲ စစ်ဆေးကြည့်မှပဲ အဖြေကို သိရမည် ဖြစ်၏။ ပိုးကင်းပါစေဟုသာ မျှော်လင့် ဆိုတောင်းရပေလိမ့်မည်။ ဒါပေ မယ့် ခုတင်နေသည့် သတင်းက မှန်မမှန်ကိုလည်း အရင် စောင့်ကြည့်ရပေလိမ့်ဦးမည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက တစုံတရာ ပြောကြား ထုတ်ပြန်လာခြင်းတော့ မရှိသေးပေ။ သတင်းမှား ဖြစ်ပါစေလို့ ကနဦး ဆုတောင်းနေမိ၏။ သတင်းမှား မဟုတ်ခဲ့ဘဲ သတင်းအမှန် ဖြစ်နေခဲ့လျှင်လည်း ပိုး မတွေ့၊ မရှိပါစေနှင့်ဟု ဆုတောင်းပါ၏။ စစ်တွေ ဘေးကင်းပါစေ။ ငြိမ်းချမ်းပါစေ။