Posts

Hive ကိုသာ မျှော်လင့်မိပါသည် ( Henry Aung )

avatar of @kachinhenry
25
@kachinhenry
·
0 views
·
1 min read

မင်္ဂလာပါ။ မိတ်ဆွေတို့ သိပြီး ဖြစ်သည့် အတိုင်း ကျွန်တော်တို့ Hive platform ပေါ်တွင် ကျင်လည် လာခဲ့သည်မှာ ၆ လကျော် နီးပါး ရှိလာပြီ ဖြစ်ပါသည်။ Hive ရှေ့ရေး မည်သို့ ရှိလာမည် မသိသေးပါ။ Hive အနေဖြင့် တော့ စက်တင်ဘာလ ၈ ရက်နေ့တွင် Hardfork အဆင့်မြှင့်တင်မည့် အကြောင်းတော့ ဖတ်ရပါသည်။

မည်ကဲ့သို့သော အပြောင်းအလည်း ဖြစ်လာမည်မသိသေးပါ။ Hive သည် ယခင် Steemit နှင့်တော့ လုံးဝခြားနားပါသည်။ ယခင်ကတော့ CEO တင်မည့် သတင်းများအား စောင့်ကြည့် နေခဲ့ရသလို Steemit team ကလည်း လိုသလို Up Date တင်ပေးခဲ့ပါသည်။

ယခု Hive ကတော့ Blocktrade မှ Update တင်ပေးနေသလို Hive အနေဖြင့် အဖွဲ့ အစည်း အလိုက် လှုပ်ရှားနေသောကြောင့် CEO မရှိသေးပါ။ ကျွန်တော် မသိသေးသည် လည်း ဖြစ်နိုင်ပါသည်။ အမှန်ဆိုရလျင် Hive ၏ ရှေ့ရေး အတွက် ကျွန်တော် သိသိကျကျ ရေရေ ရာရာ မသိသေးပါ။

Hive အနေဖြင့်လည်း Road Map ချပြထားခြင်း မရှိသေးပါ။ ယခင် Steemit ကတော့ Road map များချ ပြ၍ စျေးကွက် ဆွဲတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း သူချပြခဲ့သည့် လမ်းစဉ်များ အား အကောင် အထည် မဖေါ်နိုင်ခဲ့ပါ။ ယခု Hive အနေဖြင့် မည်သို့ တာထွက်လာမည် မသိသေးပါ။ HF ပြီးသွားလျင်တော့ အဖြေတခုခု ရလိမ့်မည်ဟုထင်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် Cryptocurrency လောက တွင်ကျင်လည် နေရခြင်းမှာ မိမိ ငွေရင်း စိုက်စရာ မလိုပဲ စာရေးသား ယုံမျှဖြင့် ၊ Game ကစား နေယုံမျှ ဖြင့် အကျိုးအမြတ်ရနေသော ကြောင့် အပို ဝင်ငွေ တခုအနေဖြင့် စိတ်ဝင်စားခဲ့ခြင်း ဖြစ်ပါသည်။ ယခု Hive သည်လည်း ထို အတိုင်းတာ။

အခြားသော သူများထက်စာလျင် တနေ့တနေ့ ကျွန်တော်တို့ စုနေသော Hive token များသည် နည်းပါးလွန်းလှသည်ဟု ဆိုနိုင်ပါသည်။ သို့သော်.... အခြားသော Cryptocurrency များအားကြည့်ကာ Hive token သည် တချိန်ချိန်ကျလျင်...... ဟူသော အတွေးက ကျွန်တော့အား မျှော်လင့်ချက်ပေးစေပါတော့သည်။

ကျွန်တော် ယခင်ကလည်း ပြောဘူးပါသည်။ ဘာမှ မျှော်လင့်ချက် မရှိခြင်းထက် တစုံတခုအား မျှော်လင့်ချက်ထားနိုင်သည်က ပို၍ ကောင်းပါသည်။ ဤ ကဲ့သို့ မျှော်လင့်ချက်များ ရှိခြင်းကြောင့် ကျွန်တော်တို့ ထီ ထိုးနေကြသည် မဟုတ်လား။

Hive သည်လည် စာရေးရုံမျှဖြင့် မျှော်လင့်ချက်ထားနိုင်သေးသည်ဖြစ်ရာ အကယ်၍ Hive စျေးသည် USD$100 ဖြစ်သွားသည် ဆိုပါစို့။ သင့်အနေဖြင့် ထီပေါက်သည် နှင့် ဆင်တူပါသည်။ ထီထိုးသည်ကမှ မိမိ ပိုက်ဆံ အလျင်ပေးထားရပါသည်။ ဟုတ်ကဲ့..... ကိုဟင်လည်း ထီထိုးထားပါသည်။

ကျွန်တော် လည်း သိန်း ၁၅၀၀၀ ဆုကြီးပေါက် ၊ Hive ကလည်း BTC စျေးကို အမှီလိုက်.... ကျွန်တော့ Cryptocurrency Wallet ထဲသို့ တစုံတယောက် မှ Ethereum 100000 မှားပို့ ၊ ကျွန်တော့ အဘိုးမှ လယ်ဧက ၅၀၀ အမွေပေး...... ဤလောကသည် နေတတ်လျင် ကျေနပ်စရာပင် ဖြစ်ပါသည်။

အခြားသော ရည်ရွယ်ချက်မရှိပါ။ COVID ကြောင့် မွန်းကျပ်နေသော စိတ်များ ဖြေလျော့သွားစေရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။

Henry Aung ( Kachin )