အဆိုးထဲက အကောင်း
ကိုဗစ် ဒီကမ္ဘာမြေက ထွက်သွားအဝေး။
ကိုဗစ် အတော်ဆိုးသည့်ကောင် တတိတိနဲ့
အတွင်းလှိုက်စားပြီး တစ်ဦးနဲ့ တစ်ဦး
သင်ကာမကင်းဖြစ်စေသူ။ အပျက်ပျက်နဲ့
ဒင်းက ရှည်လျားစွာသောအချိန်များ၊ လများကို
ဝါးမျိုနေသည်။
ကိုဗစ် စတင်ခဲ့မွေးဖွားခဲ့သည့်ဒေသမှာ ကိုဗစ် ကိုနိုင်သည့်ဆေး ရှိထားခဲ့သည်ဟု ထင်ကြသည်။။ ရောဂါဖြစ်ပွားစေပြီး ရောဂါပျောက်ဆေးရောင်း ရအောင်ပြုလုပ်နေသည်ဟုလည်း ထင်ကြေး ပေးကြသည်။ မည်သို့ပင်ဖြစ်စ ေ ကမ္ဘာတဝှမ်းလုံး အတိဒုက္ခရောက်ကြရသည်။ ကိုဗစ် အိပ်မက်ဆိုးမှ မည်သည့်အချိန်တွင် နိုးထကြရမည်မသိနိုင်ပေ။
ယခုအချိန်မှာတော့ ကိုဗစ်ရိုက်ခတ်မှုက
ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံကို
တင်းမာမှုများ၊ ရန်လိုမှုများဖြစ်ပေါ်စေသည်။
တတိယကမ္ဘာစစ် ဖြစ်စေနိုင်အောင်ပင်
ကိုဗစ်ထိုးနှက်ချက်က ပြင်းထန်လှသည်။
ကိုဗစ်ရိုက်ချက်က ဆိုးတာရှိသလို၊
ကောင်းတာလည်း ရှိပေသည်။
အဆိုးထဲ က အကောင်းဆိုသလို ကျွန်တော်တို့မြန်မာနိုင်ငံ၊ အထူးသဖြင့် ကျွန်တော်တို့ မန္တလေးမှာ အသီးအနှံများ ဈေးပေါပေါဖြင့် လှိုင်လှိုင်ဝယ်စားနိုင်သည်။ မင်းဂွတ်သီး၊ နာနတ်သီး၊ မာလကားသီးနှင့် အခြားသောသီးနှံများ တရုတ်ပြည်သို့ မတင်ပို့နိုင်သဖြင့် ဈေးချိုသာစွာ ဝယ်ယူစား နိုင်သည်။ စိုက်ပျိုးသူများအတွက် မည်သို့ အခက်ခဲများဖြစ်မည်တော့မသိပေ။ စားသုံးသူ ကျွန်တော်တို့အတွက်တော့ အ ဆင်ပြေလှပေသည်။