Posts

Ionomy Exchang rate and Hive / Hive engine can not sign in today.

avatar of @myanmarkoko
25
@myanmarkoko
·
·
0 views
·
1 min read

မိတ်ဆွေများအားလုံး မင်္ဂလာပါ... ဒီနေ့ဟာ ကျွန်တော်တို့ ဆာဟင်၏ မွေးနေ့လည်း ဖြစ်ပါတယ်။ MHC chat ဂရုထဲမှာတော့ မွေးနေ့ဆုတောင်းများ ပို့သကြပါသည်။ အရင်Steemitမှာ ခေတ်ကောင်း တုန်းကလိုမျိုးဆိုလျှင် အဖွဲ့သားများအနေဖြင့် မွေးနေ့လက်ဆောင်တစ်ခုခု စီစဥ်ပေးနိုင်မှာ အသေချာ။ အခုတော့ MHC မှာ ပိုစ့်တင်နေသူများက လက်ဆယ်ချောင်းမပြည့်ပါ။ သို့သော် Hive စျေး $1 လောက်သာရောက်လျှင် MHCဟာ အရင်လို ကြိတ်ကြိတ်တိုး စည်ကားလာအုံးမှာပါ။

ဒါနဲ့ ဒီနေ့ Hive Engine က Eorr တက်နေပါ တယ်။ Why? ဘာကြောင့်လဲတော့မသိ
Internet လိုင်းမကောင်းဘူးထင်၍ အကြိမ်ကြိမ် ကြိုးစားသော်လည်း မရပါ။ တာဝန်ရှိသူများက ပြင်ဆင်မှုများ လုပ်ဆောင်နေကြ၍ ဖြစ်ပါလိမ့် မယ်။ ကောင်းသောတိုးတက်ပြောင်းလဲမှုများ ဖြစ်ပါစေဟုသာ ဆုတောင်းမိပါတော့တယ်။
Leo ကလည်း တူမတူအောင်လုပ်ဆောင်ပြနေ ပါတယ်။ Hive Engine က ဝင်လို့မရ၍ Leo ဘယ်စျေးပေါက်နေလဲ မသိနိုင်ပေ။ ကျွန်တော်တို့ Leader ကိုဟင်ပြောတဲ့အတိုင်း လွန်ခဲ့တဲ့သော ၁၀နှစ်က BTC သည် 1$ ပေါက် သည်ဟုဆိုသည်။ ယခုတော့ မိုးနဲ့မြေကွာခြားနေပြီ။ ကျွန်တော်ကလည်း ကြံဖန်စိတ်ကူးယဥ်မိသည် လာမဲ့ ၁၀ နှစ်ကျလျှင် Hive စျေးသည် လည်းကောင်း၊ Leo သည် လည်းကောင်း၊ Pal သည်လည်းကောင်း $ 10000ပေါက်နိုင်သည်ဟု လိပ်လို ကိုယ့်ဘက်ကိုယ်ယပ်ကာ တွေးမိသည်။

နောက်တစ်ခု ကိုဟင်ပြောသလိုမျိုး Cryptocurrency သည် ဘာမဆိုဖြစ်သွားနိုင် သည်ဆို့တဲ့အတိုင်း Steemit မှ ခွဲထွက်ခဲ့သော
Blurt blog သည်လည်း အောင်မြင်သွားနိုင် သည်မဟုတ်ပါလား။ လက်ရှိ Blurt blog တွင် လည်း ကြိုးစားကာ ရှာဖွေနေကြသူများ အများ အပြားရှိပါသည်။ Blurt blog မှ introduction ပို့စ်လေးသည် 33 blurt ရခဲ့ ၍ အတော်တန် အားတက်ခဲ့သော်လည်း နောက်ပိုင်း ပိုစ့်များမှာ 1 blurt ပင်မရပေ။ ပိုဆိုးသည်က 0 မကွဲသည်များလည်းရှိသည်။ သူလည်း ပါဝါရှိ ဖို့လိုပါသည်။ ပါဝါဆိုသည်ကလည်း နေရာတိုင်းတွင် အရေးပါလှသည်ကိုး။ လက်ရှိ @ionomy Exchange တွင် blurt ပေါက်စျေး Btc 0.00000150 ရှိသည် မြန်မာကျပ်ငွေဖြင့် တော့ မတွက်တက်ပေ။ လက်ရှိကျွန်တော် တို့ရဲ့ အချစ်တော် Hive ကတော့
Btc 0.00001104 ပေါက်လျှက်ရှိပါသည်။

လူသားတစ်ယောက်ဖြစ်သည့်အားလျှော်စွာ မျော်လင့်ရသလောက်တော့ မျှော်လင့်ကြည့်မိသည်။ တာယာမင်းဝေရဲ့ စကားအတိုင်းဆိုလျှင် လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ် ဒါပေမဲ့ အဲ့ဒီမျှော်လင့်ချက်ကြောင့်ပဲ ပြန်ပြီးသေနေ ကြရတာကိုတော့ မသိကြဘူးတဲ့လေ....။ တောင်းထွတ်တွေများရင် ချိုင့်ဝှမ်းတွေများမယ်။ မျှော်လင့်ချက်တွေများရင် အမှားဝန်ပူတွေတွေ များမယ်တဲ့...။ ဒါပေမဲ့လည်း ကျွန်တော်လည်း လူတွေပြောသလိုပဲ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ ဟုပင် ထပ်ပြီး ကိုယ့်ငချဥ်ကိုယ် ချဥ်မိလိုက်ပါတော့သည်။

Myanmar language

ကိုကိုမိုးဟိန်း KoKoMoeHein @myanmarkoko