Posts

10 အပြင်ဘက် ကို ရောက်သွားပြီ

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

မျှော်လင့်ထားခဲ့သလိုပါပဲ။ အခုအချိန်မှာတော့ ၁၁ ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ အခုရက်ပိုင်းအတွင်းမှာ ဂြိုဟ် သစ်တစ်လုံး ရှာမတွေ့တော့တာပါ။ ဂြိုဟ်အသစ်မတွေ့ပဲနဲ့တော့ ကိုယ့်နေရာကို ရေရှည်ထိမ်းထားဖို့ မလွယ်ပါဘူး။ ဂြိုဟ်အသစ် တစ်လုံးတွေ့တာနဲ့ အနည်းဆုံး ပွိုင့် ၄၀ လောက်ကို အသာကလေး ရနိုင်ပါတယ်။ Mine လယ်ဗယ် ၁၀ လောက်ကို တစ်ရက်ထဲနဲ့ ရောက်သွားနိုင်ပါတယ်။ အဲဒီတော့ ဂြိုဟ် ရှာမတွေ့တာနဲ့ အဆင့်ကျသွားဖို့က များနေပါပြီ။

ကံကောင်းနေသေးတာကတော့ meta-skill နဲ့ destroyed ships မှာ အဆင့် ၈ နေရာမှာ ကျန်နေသေးတာ ဖြစ်ပါတယ်။ ဒါတွေကတော့ အလွယ်တကူ တက်အောင် လုပ်လို့မရပါဘူး။ အချိန်ယူပြီးတော့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ယာဉ်တွေ ဆောက်လုပ်ဖို့နဲ့ ယာဉ်တွေရဲ့ တိုက်ပွဲအတွင်းမှာ စွမ်းဆောင်ရည် ကောင်းဖို့အတွက် မြှင့်တင်ထားတဲ့ အတွက် အခုလို ကျန်နေခဲ့ခြင်း ဖြစ်ပါတယ်။

အာကာသယာဉ် ပိုင်ဆိုင်မှုမှာလဲ ယာဉ်စီးရေ ၂၅၀၀ ကျော်နဲ့ နံပါတ် ၁၁ နေရာမှာ ရှိနေပါသေးတယ်။ ဒါကလဲ ဝယ်ယူလို့ ရပါတယ်။ Steem တွေ အကုန်ခံနိုင်ရင်တော့ နေ့ချင်း ညချင်းကို တပ်ဖွဲ့ အကြီးကြီး ဖြစ်လာအောင် လုပ်ဆောင်လို့ ရပါတယ်။ အဓိကကတော့ မိမိ အိတ်ကပ် ဖောင်းနေဖို့ပဲ လိုတာပါ။ Corvette တစ်စီကို 0.5 Steem လောက်ပဲ ပေးရတယ်ဆိုတော့ အစီး ၁၀၀၀ ဝယ်မှ Steem ၅၀၀ ပဲ ပေးရမှာ ဖြစ်ပါတယ်။ ဒီပမာဏက ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ကိုယ်တွေအတွက် ခက်ခဲ နေပေမဲ့ သူတို့အတွက် ကတော့ လွယ်လွယ်လေးပါပဲ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=122