Posts

Fantasy Permier League လုပ်ကြမလား

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

ကျွန်တော်အရင် တုန်းက တွေ့ဖူးတယ်ဗျ။ FPL ကို ဂျာနယ် တစ်ခုကနေ လုပ်ပေးတာ။ သူကတော့ ဆုကြေး က တစ်ပတ်ချင်းစီ သွားတာပေါ့။ ကိုယ့်အသင်းသားတွေကို မှတ်ထားပြီးတော့ အမှတ်တွေ ပြန်တွက်ယူရတယ်။ သူကတော့ ဂျာနယ်ပေါ်မှာ အခြေခံတာပေါ့လေ။ ကျွန်တော်တို့ကတော့ online ကနေ ပဲ လုပ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော် စဉ်းစားထားတာကတော့ တစ်ယောက်ကို ဝင်ကြေး ၃၀၀၀ စီ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဆုကြေးကတော့ ပထမဆုက ၅ သိန်း၊ ဒုတိယ ဆုက ၃ သိန်းနဲ့ တတိယဆုက ၁ သိန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါကတော့ အနည်းဆုံး ရရှိမယ့် ပမာဏ ဖြစ်ပြီးတော့ အသေးစိတ်ကို ထပ်မံ ကြော်ငြာပေးမှာ ဖြစ်ပါတယ်။ အသင်းဝင်တဲ့သူ အရေအတွက် ပေါ်မူတည်ပြီးတော့ စတုတ္ထကနေ ဒဿမ အထိကို ဆုကြေးပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကာလကတော့ Permier League ပြီးဆုံးတဲ့ အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

Website ကို အသုံးပြုရမှာ ဖြစ်တဲ့ အတွက် မှတ်ပုံတင်ဖို့ email တစ်ခု ရှိရမှာ ဖြစ်ပါတယ်။ ဘယ်လို ကစားရမလဲ ဆိုတာကို ပိုစ့်တွေ တင်ပေးသွားမှာ ဖြစ်ပါတယ်။

အပြောင်းအရွေ့ တွေနဲ့ သတင်းတွေကိုပါ ဝက်ဆိုက်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။

ကစားရတာကတော့ လွယ်ကူပါတယ်။ Football manager ကစားသလိုပါပဲ။ ကိုယ့်ကို ဘောလုံး သမားဝယ်ဖို့ ပေးထားတဲ့ ပိုက်ဆံ သန်း ၁၀၀ ရှိပါတယ်။ (အပြင်ကထက်စာရင် အရမ်း​ဈေးချိုပါတယ်) အဲဒါနဲ့ ကစားသမား ၁၅ ယောက် ဝယ်ရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ first line up က ၁၁ ယောက် အရန်ကစားသမားက ၄ ယောက်ဝယ်ရမှာ ဖြစ်ပါတယ်။ ကိုယ်ဝယ်ထားတဲ့ ကစားသမားတွေက EPL မှာ ပါဝင်ကစားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မူတည်ပြီး ကိုယ့်အသင်းက အမှတ်ရပါတယ်။ သူတို့တွေရဲ့ ဂိုးသွင်းယူမှု၊ ပံ့ပိုးပေးမှု၊ ဂိုးပေါက်ကာကွယ်မှု၊ ဂိုးမပေးရအောင် ကာကွယ်နိုင်မှုတွေ ကနေ ကိုယ်က အမှတ်ရပါတယ်။ တစ်ကယ်လို့ ကိုယ့်အသင်းသားက အမှားလုပ်မိရင် အမှတ်အလျှော့ခံရပါတယ်။

ပြိုင်ပွဲဝင်တဲ့ အသင်းတွေထဲမှာ အမှတ်အများဆုံး အသင်းက ဗိုလ်စွဲမှာ ဖြစ်ပါတယ်။

@nayhlaingsoe, @aggamun, @lwanwai ,@tunnaingwin, @naythan.


Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=110