Posts

Ghost ships

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

ဒီနေ့တော့ ghost ships တွေနဲ့ တွေ့လိုက်ရပါတယ်။ ပထမဆုံး koyuh8 က ကျွန်တော့်ဘေးနားက ဂြိုဟ်ကို လာတိုက်ပါတယ်။ အဲဒါနဲ့ ကျွန်တော့် ယာဉ်တွေ လွှတ်ပြီး ကာကွယ်ပေးထားလိုက်ပါတယ်။ အဲဒီလိုနဲ့ တိုက်ပွဲက ပြီးသွားတယ် ဆိုပါတော့။ ကျွန်တော်အနိုင် ရလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာပဲ ကျွန်တော့်နားကနေ ယာဉ်တွေ ဖြတ်သွားတာတွေတဲ့ အတွက် သူ့ဂြိုဟ်ကို တပ်ဖွဲ့တွေ လွှတ်ပြီး seige လုပ်ထားလိုက်ပါတယ်။ နောက်ပြီးတော့မှ နောက်ထပ်တပ်ဖွဲ့တွေ လွှတ်ပြီး တိုက်ခိုက်လိုက်ပါတယ်။

ကျွန်တော်အဲဒီ တိုက်ပွဲမှာ အနိုင်ရလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လိုက်နေခဲ့တာက ၅၉ စင်းပါတဲ့ ယာဉ် အုပ်စု ဖြစ်ပါတယ်။ အခုကတော့ ယာဉ် အနည်းငယ်ပဲ ဖြစ်နေပါတယ်။ ကျွန်တော် အဲဒီ ၅၉ စင်း နောက်ကို လိုက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီ ၅၉ စင်းက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါပြီ။

အဲဒီ ၅၉ စင်း စခန်းဆီကို ပြန်လာတာတွေ့လိုက်ပါတယ်။ အဲဒီအတွက် အချိန်ကိုက်ပြီး seige လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီ ၅၉ စင်းကို မတွေ့ရတော့ပါဘူး။ အခြားကို လွှတ်ထားတဲ့ အရိပ်လက္ခဏာ ကိုလဲ မတွေ့ရပါဘူး။ မိတ်ဆွေရော ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးမှာတော့ အဖြေကို ရခဲ့ပါပြီ။ အဲဒီ ၅၉ စင်းက တစ်ကယ် မရှိပါဘူး။ ကျွန်တော်နဲ့ တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ ကျဆုံးသွားခဲ့ပါပြီ။ အခု ပြန်လာနေတာတွေကတော့ ဝိညာဉ် တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်က အဲဒါကို သတိမထားမိလိုက်ပါဘူး။

အဲဒီလို သတိမထားမိတဲ့ အတွက် အချိန်တွေ အတော်များများ ကုန်ဆုံးသွားပါတယ်။ ဘာပဲ ဖြစ်ဖြစ် အတွေ့ အကြုံတော့ ရလိုက်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=93