Posts

Neoxag Power ယူကြမလား

avatar of @mmunited
25
@mmunited
·
0 views
·
1 min read


Image Source

Steemit ရဲ့ ထုံးစံအတိုင်း တစ်ခုခု လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ကယ်တမ်းကတော့ ဒါက ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဘာပြိုင်ပွဲလဲဆိုတော့ community ၅ ခုကို Neoxag ၂၀၀၀စီ delegate လုပ်ဖို့အတွက် ဆန္ဒမဲ ပေးရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်နဲ့ ပတ်သက်တဲ့ community တွေကို ရွေးချယ်ပေးဖို့လိုပါတယ်။ ဒါမှလဲ ကိုယ့်အတွက် အကျိုး ရှိမှာ ဖြစ်ပါတယ်။ ဒါကတော့ ဒုတိယ အကြီမ်မြောက် ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ပထမအကြီမ်တုန်းက @derangedvisions, @actifit, @steemhunt, @steemjet နဲ့ ocdb အကောင့်တွေက ရရှိသွားခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ စည်းမျည်းကတော့ user တစ်ယောက်အနေနဲ့ community ငါးခုအထိ ရွေးချယ်လို့ ရပါတယ်။ ဘာ့ကြောင့် ဒီ commuity ကို ရွေးချယ်ရသလဲ ဆိုတာကိုတော့ ရေးပေးရမှာ ဖြစ်ပါတယ်။ အရင်အပတ်တုန်းက အနိုင်ရခဲ့တဲ့ သူတွေကိုတော့ ထပ်ရွေးလို့ မရပါဘူး။ Tag အနေနဲ့ကတော့ neoxianpowercontest လို့ ထည့်ပေးရမှာ ဖြစ်ပါတယ်။ အကောင့်တစ်ခုကို ပိုစ့်တစ်ခုပဲ တင်လို့ ရမှာ ဖြစ်ပါတယ်။ ပိုစ့်လင့်ကိုတော့ အောက်ကပိုစ့်မှာ comment အနေနဲ့ ရေးပေးရမှာ ဖြစ်ပါတယ်။ မိမိရွေးချယ်ထားတဲ့ community တွေအကြောင်းကို အတိုချုံး ရေးပေးဖို့လိုပါတယ်။ Resteem လုပ်ပေးပါ။

https://steempeak.com/neoxianpowercontest/@zaku/neoxian-silver-neoxag-power-contest-for-communities-week-2-or-or-10k-neoxag-power-or-or

ဆုကြေးကတော့ community တစ်ခုစီက Neoxag power ၂၀၀၀ ကို တစ်လ ရရှိမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တဲ့ သူတိုင်းကလဲ 1000 Neoxag power ရရှိမှာ ဖြစ်ပါတယ်။ ဘယ်လောက်ရမယ်လို့ ပြောမထားပေမယ့် သူလဲ တစ်လပဲ လို့ထင်ပါတယ်။ နောက်ပြီးတော့ ပြိုင်ပွဲဝင်တဲ့ပိုစ့်ကို @neoxiancityvb အကောင့်ကနေ upvote ပေးသွားမှာ ဖြစ်ပါတယ်။ အောက်မှာ ကျွန်တော့်ရဲ့ ပိုစ့်ထည့်ပေးထားပါတယ်။ နမူနာ ကြည့်နိုင်ပါတယ်။

https://steempeak.com/esteem/@mmunited/nominations-for-neoxag-communities-week-2



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=133