Posts

ဒေါက်တာ စိုးကြည်တော့ သေလေပြီ

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

မနေ့ က FB ပေါ်မှာ ဒေါက်တာ စိုးကြည် သေဆုံးတဲ့ အကြောင်း နာရေးနဲ့ အတူ သူ့အကြောင်း တွေ ပလူပျံအောင် တက်လာခဲ့ပါတယ်။ လူတစ်ယောက် သေဆုံး သွားတဲ့ အချိန်မှာ သူ့အပေါ်ကို ဂရုဏာ ဝိုင်းပြီး မသက်နိုင်ကြတော့ပါဘူး။ သူကိုယ်တိုင်က ကို သိပ်ကို ဆိုးတဲ့ လူတစ်ယောက် ဖြစ်ခဲ့သလား။ အခြေအနေ တစ်ရပ်ကြောင့် လုပ်ခံရတာလား။ ကျန်ရစ်သူ မိသားစုကရော ဘယ်လို ခံစားရမလဲ။ သူ့အဖေ အတွက် အရှက် ရနေမလား။ အဖေဆိုတာ သမီးတွေ အတွက် တော့ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ သူတို့အဖေ အခုလို အပြောခံရတာကို သူ့ သားသမီးတွေ အနေနဲ့ ဘယ်လို ခံစားနေရမလဲ။

သူ့အသိုင်း အဝိုင်းမှာတော့ သူက အားကိုးအားထားပြုရာ ရွှေတောင်ကြီးပါပဲ။ အခုတော့ ပြိုလေပြီ ပေါ့ဗျာ။ ဗိုလ်ချုပ် လုပ်ကြံခံရပြီးတဲ့ အချိန်မှာ ခေါ်ခင်ကြည်ကနေ ဦးစော အမျိုးသမီးကို နှစ်သိမ့်မှုပေးခဲ့ပါတယ်။ နောက်ပြီးတော့ ဦးစောရဲ့ မြေးတွေ အနေနဲ့လဲ သူတို့ အဘိုးလုပ်ခဲ့တဲ့ အပြစ်အတွက် လူတွေက ကဲ့ရဲ့ စရာ ဖြစ်ခဲ့ပါတယ်။ အာဇာနည်နေ့တွေ ဆိုရင် သူတို့ ကျောင်းမတက်ချင် ကြပါဘူး။ သူတို့ကို လက်ညှိုးတွေ ထိုးကြလို့ပါ။

သေတဲ့ သူလဲ သေသွားပြီပဲဗျာ။ သူ့အကြောင်း မကောင်းပြောတာတွေ ရပ်လိုက်ကြပါစို့။ ကျွန်တော်တို့ လုပ်ရမှာက အာဏာ ရှင် စနစ် ဘယ်တော့မှ ခေါင်းပြန် ထောင်မလာဖို့ပဲ ဖြစ်ပါတယ်။ စစ်တပ်ကို လွှတ်တော်ထဲက ထွက်အောင် လုပ်ရပါမယ်။ ခြေဥကို ပြန်လည် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ လုံးဝကို ဒီမိုကရေစီ စစ်စစ် ဖြစ်တဲ့ အထိ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အကိုင်းတွေကို လိုက်ချိုင် မနေပဲနဲ့ အဓိကျတဲ့ အာဏာ ရှင်စနစ်ကိုပဲ ဖျက်ဆီး ပစ်လိုက်ဖို့ လိုပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=87