Posts

Ships 3000 ပြည့်တော့မယ်

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

အခုဆိုရင် ယာဉ် အရေအတွက် ၂၈၆၉ စီး ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ သိပ်မကြာခင်ကာလမှာ အစီးရေ ၃၀၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ အစီးရေ ၃၀၀၀ ပြည့်ခဲ့ရင်တော့ ယာဉ် ထုတ်လုပ်မှုကို ခဏရပ်နားပြီး ကုန်ကြမ်း ထုတ်လုပ်မှုကို ပြန်လည်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သိပ်မကြာခင်ကာလမှာ battle system ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ အခုလို တပ်ဖွဲ့တွေကို တစုတဝေးတည်း ထားပြီး တိုက်ခိုက်လို့ မရတော့ပါဘူး။ အခုလို နိုင်တဲ့ဘက်က ဘာမှ မဆုံးရှုံးပဲ မနေတော့ပါဘူး။ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ တစ်ခုခုတော့ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အင်အားကြီးတဲ့ဘက်ကတော့ ဆုံးရှုံးမှု နည်းမှာ ဖြစ်ပါတယ်။ သူတို့ ရည်ရွယ်တာကတော့ corvette တွေနဲ့ပဲ တိုက်ခိုက်နေတာကို အဆုံး သတ်ချင်ဟန် တူပါတယ်။ Battle system အပြောင်းအလဲ နဲ့အတူ ယာဉ်ကြီးတွေက ပိုမို အရေးပါလာမှာ ဖြစ်ပါတယ်။

Ship NameCoalOreCopperUranium
Corvette112562817
Frigate180904522
Destroyer2401206030
Cruiser3401708542
Battlecruiser57628814472
Total1448724362183

တစ်ကယ်လို့ တစ်နေ့ကို တစ်မျိုးကို တစ်ကောင်ပဲ ထုတ်မယ်ဆိုရင်တော့ အဲဒီလောက် ကုန်ကျမှာ ဖြစ်ပါတယ်။ Carrier တစ်စီးထဲရဲ့ ကုန်ကျစရိတ်က အဲဒီလောက်ကို ရှိနေတဲ့အတွက် သူ့ကိုတော့ ထည့်မတွက်တော့ပါဘူး။ ဒါပေမဲ့ Corvette နဲ့ Frigate က တစ်နေ့ကို နှစ်စီး စီ ထုတ်လို့ရပါတယ်။

Ship NameCoalOreCopperUranium
Corvette2241123634
Frigate3601809044
Destroyer2401206030
Cruiser3401708542
Battlecruiser57628814472
Total1740870415222

အဲဒီတော့ ကိုယ့်အနားမှာ တိုက်ခိုက်စရာ ဂြိုဟ်တစ်ခုခု မရှိခဲ့ဘူးဆိုရင် အလျဉ်မီအောင် ထုတ်လုပ်နိုင်ဖို့ မလွယ်လှပါဘူး။ ကိုယ့်ရဲ့ ကုန်ကြမ်း ထုတ်လုပ်မှုနဲ့ ကိုယ်ထုတ်လုပ်ချင်တဲ့ ယာဉ်အမျိုး အစားကို သေသေချာချာ ချိန်ကိုက် ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=129