Posts

Steem-engine: တိုကင်တစ်ခု အောင်မြင်အောင် ဘယ်လို လုပ်ရမလဲ-1

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

ဒီအကြောင်းကို ပြောမယ်ဆိုရင် အရင်ဦးဆုံး လက်ရှိ အောင်မြင်နေတဲ့ coin တွေ တိုကင်တွေကို လေ့လာရမှာ ဖြစ်ပါတယ်။

အရင်ဆုံးလေ့လာမှာကတော့ PAL တိုကင်ပဲ ဖြစ်ပါတယ်။ Pal တိုကင်ကို သူ့ server မှာ active ဖြစ်တဲ့သူတွေ ကို အလကားပေးပါတယ်။ ပြီးတော့ သူ့ အဖွဲ့သားတွေကိုလဲ အလကားပေးထားတယ်။ သူ့ တိုကင်ကို stake လုပ်ထားရင် လုပ်ထားတဲ့ ပမာဏပေါ်မူတည်ပြီးတော့ ဗုတ်တင်းပေးတဲ့ ပမာဏပေါ်မူတည်ပြီးတော့ PAL တိုင်တွေကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ PAL တိုကင်က အောင်မြင်ဖို့ အလားအလာ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒုတိယအဆင့် တတိယအဆင့်တွေမှာ ဈေးကို မြှင့်ပြီး ရောင်းချလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အရင်တုန်းက ဖြန့်ဝေထားတဲ့ တိုကင်တွေကပါ လိုက်ပါပြီး ဈေးတက်လာမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ LEO တိုကင်ပဲ ဖြစ်ပါတယ်။  LEO ကတော့ PAL မှာ ပေးသလိုတောင်မကပါဘူး။ ပိုစ့်တွေ မတင်ရင်လဲ ပုံမှန်ဝင်ငွေ ရနေအောင်လို့ miner တွေကို ပါထုတ်ရောင်းပါတယ်။ အဲဒီအချိန်မှာပဲ PAL ကလဲ PAL miner ဆိုပြီး ထုတ်ရောင်းပါတယ်။ သူ့ရဲ့ စိတ်ကူးက မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ Miner တွေက ဈေးကြီးပါတယ်။ အကျိုးအမြတ်ရဖို့အတွက် အချိန်အကြာကြီးစောင့်ရမှာ ဖြစ်ပါတယ်။

ဒီတိုင်ကင်တွေရဲ့ အားသာချက်ကတော့ rewards တွေကို ခွဲဝေပေးတဲ့ နေရာမှာ တစ်ယောက်ကို ၅၀% စီခွဲယူတာပဲ ဖြစ်ပါတယ်။ Steemit ကလဲ အခုအချိန်မှာတော့ ၅၀% စီ ဖြစ်သွားပါပြီ။

ဒီနေ့ အထူး ပြောကြားလိုတဲ့ အကြောင်းအရာကတော့ Canna တိုကင်ပဲ ဖြစ်ပါတယ်။

သူ့ပေါ်ဈေးက 1 Canna ကို 1 Steem နဲ့ညီမျှပါတယ်။ အနည်းဆုံး Canna 100 ပိုင်ဆိုင်ထားတဲ့သူကို နေ့စဉ် အပ်ဗုတ်ပေးပါတယ်။ တစ်နေ့ကို 0.3 STU အပ်ဗုတ်ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောစရာ ရှိတာက လူများလာရင် အပ်ဗုတ်ရတဲ့ ပမာဏလဲ နည်းလာမှာ ဖြစ်ပါတယ်။ SP အနေနဲ့ ဆိုရင်တော့ SP ၁၀၀၀ နဲ့အထက် delegate လုပ်ထားတဲ့သူတွေကိုလဲ အပ်ဗုတ်ပေးပါတယ်။

အဲဒီတော့ ရိုးရိုး သာမန် SP delegate လုပ်ထားတဲ့ သူတွေကို အပ်ဗုတ်ပေးတဲ့ စနစ်ကို တိုကင် နဲ့ ပေါင်းစပ်အသုံးပြုထားတာ ဖြစ်ပါတယ်။ သူ့ဆီက အပ်ဗုတ်ရဖို့ဆိုရင် 101 Steem ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ လွှဲခက ၁% ဖြစ်ပြီးတော့ ပြန်ထုတ်ယူရင်လဲ ၁% ပေးရမှာ ဖြစ်ပါတယ်။ အပ်ဗုတ်ပေးတဲ့သူအနေနဲကလဲ သူ့ဆီက SP ကို undelegate လုပ်သွားမှာ စိုးရိမ်စရာ မရှိတော့ပါဘူး။ တိုကင် ဝယ်တဲ့သူကလဲ သူ့တိုကင်ကို အချိန်မရွေး ပြန်ရောင်းလို့ ရပါတယ်။ အချိန်မရွေး ပြန်ဝယ်လို့လဲ ရပါတယ်။ ဒါပေမဲ့ ဈေးတော့ အနည်းငယ် နည်းမှာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ် Curation style မဟုတ်တော့ပဲနဲ့ ဗုတ်ရောင်းတဲ့ ပုံစံတော့ ဖြစ်သွားပါတယ်။

All images are taken from steempeak and steem-engine.


Posted from my blog with SteemPress : https://steemhosting.com/?p=63