Posts

တိုက်ချင်ပါသော်လည်း

avatar of @mmunited
25
@mmunited
·
0 views
·
1 min read

တိုက်ချင်ပါသော်လည်း တိုက်လို့မရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ အခုတိုက်ဖို့ စဉ်းစားထားတာကတော့ ချုံခို တိုက်ဖိုပဲ ဖြစ်ပါတယ်။ ဒီအတွက် ကိုပဲ စဉ်းစားနေပါတယ်။ ရန်သူ့ ဂြိုဟ်ကို seige လုပ်ပြီးမှ တိုက်မယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ရှိတဲ့ အင်အားကို တစ်ဝက်ခွဲရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ကတော့ မလွယ်လှသေးပါဘူး။ တစ်ဝက်ခွဲလိုက်ရငလဲ အင်အားက အတော်ကို နည်းသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ စောင့်ကြည့်နေတုန်းပဲ ဖြစ်ပါတယ်။ သူ တိုက်တာနဲ့ ကိုယ်က တန်းသိရမယ်။ ပြီးတော့ ကိုယ့် ယာဉ်တွေက အရင်ဆုံး ရောက်ရှိ နေဖို့လိုပါတယ်။ ဒါမှလဲ ကိစ္စ ပြီးမြောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သူ့တပ်ဖွဲ့ တွေထဲက အင်အား အကြီးဆုံး တပ်ဖွဲ့ကို ချေမှုန်းချင်တာပါ။ ဒါမှလဲ သူ့အင်အား နည်းသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကိုယ့်ကို ရန်မလုပ်နိုင်သေးပဲ နေမှာ ဖြစ်ပါတယ်။ ဒါကလဲ အလွန်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရန်သူကို ဘယ်လို တိုက်ခိုက်ရင် ရမလဲ ဆိုတာကိုပါ စဉ်းစားရမှာ ဖြစ်ပါတယ်။

တစ်ကယ်တမ်း သူတင်ကိုယ်တင် တိုက်ခိုက်ရင် သိပ်မလွယ်လှပါဘူး။ ကိုယ်လက်ရှိ rss ရှာဖွေနေတာတွေကိုပါ ထိခိုက်သွားနိုင်ပါတယ်။ ဒီအတွက် ကြောင့် ရန်သူကို အလစ်ချောင်းတိုက် ခိုကဖို့ကိုပဲ စဉ်းစား ရမှာ ဖြစ်ပါတယ်။

အလစ်ချောင်းတိုက်ရတဲ့ အတွက် စိတ်ရှည်ဖို့ လိုပါတယ် ။ ချိန်သားကိုက်ဖို့ လိုပါတယ်။ ဒါမှလဲ ကိုယ်လိုချင်တဲ့ ပစ်မှတ်ကို တိုက်ခိုက်နှိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပိုစ့်မှာ ရေးခဲ့သလိုပါပဲ ရန်သူ့ ကို တိုက်ခိုက်လို့ ရလာတဲ့ အမှတ်တွေ များအောင် လုပ်ရမှာ ဖြစ်ပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=90